Connect with us

Asia

အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားတွင် ဆူပူလှုပ်ရှားမှုများဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံး

၂၀၁၇ခုနှစ် သြဂတ်လ ၂၅ ရက်နေ့က အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းတွင် ဆူပူလှုပ်ရှားမှုများ ဖြစ်ပွားနေစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ဧပြီ ၃ ရက်က အိန္ဒိယနိုင်ငံ နေရာအနှံအပြားတွင် ဆူပူလှုပ်ရှားမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုလက်ရှိ သေဆုံးသူ ၉ ဦး ရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူလှုပ်ရှားမှုတွင် သေဆုံးသူအများစုမှာ ရဲဘက်မှ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏သတင်းများအရ သိရှိရသည်။

ဥပက္ခာပြုခံရသည့်အခြေခံလူတန်းစားကို အထင်သေးနှိပ်စက်သည့်တိုင်ကြားချက် လက်ခံရရှိပါက လုံခြုံရေး ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးနိုင်ခွင့်မရှိတော့ဘဲ သက်ဆိုင်ရာအရာရှိများ၏ခွင့်ပြုချက်ရယူပြီးမှသာ ဖမ်းဆီးနိုင် သည်ဟု အိန္ဒိယ အဆင့်မြင့်ဆုံးတရားရုံးမှ ယခုရက်ပိုင်းများတွင်ချမှတ်ခဲ့သောကြောင့် ယခုကဲသို့ ဆူပူလှုပ်ရှားမှု များဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရှိရသည်။ တရားရုံး၏ချမှတ်ချက်ကို အိန္ဒိယအခြေခံလူတန်းစားများ၊ Dalitsများ က မကျေမနပ်ဖြစ်နေကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.