Politics, Law & Military
ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDPစခန်း ဖျက်သိမ်းရေး နှင့်ပြန် လည်နေရာချထား ဆွေးနွေး
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDPစခန်း ဖျက်သိမ်းရေး နှင့် ပြန်လည်နေရာချထားရေးများ ကို တာဝန်ရှိသူများနှင့် စခန်းတွင်းနေထိုင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တို့ သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၅ရက် မွန်းလွဲပိုင်းတွင် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDPစခန်းသို့ ရောက်ရှိပြီး စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များ၊ နိဒင်ကျေးရွာ တာဝန်ခံများ၊ စခန်းနေထိုင်သူများ နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံရာ၌ IDPစခန်းအား ဖျက်သိမ်းပြီး ကျေးရွာနှင့် တဆက်စပ် တည်း ပြန်လည် နေရာချထားရေး အစီအစဉ်များ၊ အခြေခံပညာကျောင်း များတွင် ဆရာ၊ ဆရာမ များ ခန့်ထားပေးရေး၊ အခြေခံပညာ အထက် တန်းအောင်မြင်ပြီး သူများ အဆင့်မြင့် ပညာများ ဆက်လက် သင်ကြားနိုင်ရေး၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ရွာတွင် တိုက်နယ် ဆေးရုံ တစ်ခုချထားပေးရေး၊ အသက်မွေးဝမ်း ကျောင်း သင်တန်းများ ဖွင့်လှစ် ပေးရေး ကိစ္စရပ်များနှင့် NVC လျှောက်ထား ကိုင်ဆောင်ရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရေး ကော်မတီ သည် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်း များ ပိတ်သိမ်းနိုင်ရေးကို ဦးစား ပေးအဖြစ် ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့ ရှိ သက္ကယ်ပြင်စခန်း၊ မြေပုံမြို့ရှိ တောင်ပေါ် စခန်း၊ ကျောက်တော်မြို့ရှိ နိဒင်စခန်းများအား ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDPစခန်းတွင် အိမ်ထောင်စု(၈၅)စု၊ လူဦးရေ (၅၈၁) ဦးရှိကြောင်း သိရသည်။ထို့ပြင် အခြားစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက်လည်း ဆက်လက်ဆောင် ရွက် လျက်ရှိရာ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင် ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန် သည် ဧပြီ ၆ရက်တွင် စစ်တွေ မြို့နယ်ရှိ ခေါင်းဒုက္ကာ(၁) နှင့် (၂) စခန်းများရှိ စခန်းတာဝန်ခံများ စခန်းတွင်း နေထိုင် သူများနှင့်တွေ့ဆုံပြီး စခန်းပိတ်သိမ်းနိုင်မည့်အခြေအနေများကို ကနဦးညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)