Connect with us

Politics, Law & Military

ဖားကန့်မြို့နယ်၌ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံး

ဖားကန့်ရှိ ရေမဆေးကျောက်ရှာဖွေရေး လုပ်ငန်းခွင်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆန်ခါရွာအနီး မဟာ ကျောက်မျက်ကုမ္ပဏီရှိ စွန့်ပစ်မြေစာပုံ၌ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ သေဆုံးသူသည် ဧပြီ ၉ရက်နေ့ နံနက် ၁၀နာရီတွင် ကျောက်ရှာဖွေနေစဉ် အမြင့်ပေ ၈၀ ခန့်မှ ကျောက်ခဲများပြုတ်ကျသဖြင့် မျိုးခိုင်တွင် ဦးခေါင်း/ ဝမ်းဗိုက် /ခြေသလုံး ဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိ၍ လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရာမှ လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း သေဆုံးမှုနှင့် ပတ်သက်ပြီး လုံးခင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၈) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.