Connect with us

North America

အမေရိကန် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် “၁၀၀ ရာခိုင်နှုန်း အမေရိကန်ထုတ်” အကောင်အထည်ဖော်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ Apple ထုတ်ကုန် အရောင်းဆိုင်တစ်ခုကို ၂၀၂၄ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၂ ရက် (ဆင်ဟွာ)
အမေရိကန် “The Wall Street Journal” က “၁၀၀ ရာခိုင်နှုန်း အမေရိကန်ထုတ်ပစ္စည်း (All-American Product) ပြုလုပ်ရန် အဘယ်ကြောင့် ခက်ခဲနေရသနည်း” ဟူသော ခေါင်းစဉ်ဖြင့် မကြာသေးမီရက်က ဆောင်းပါးတစ်ပုဒ် ထုတ်ဝေခဲ့သည်။ အဆိုပါဆောင်းပါးတွင် အမေရိကန်ထုတ်လုပ်မှု ကုမ္ပဏီလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များကို “၁၀၀ ရာခိုင်နှုန်း အမေရိကန်ထုတ်” (All-American) အဖြစ် ထုတ်လုပ်ရန် ခက်ခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ဥပမာများစွာဖြင့် ရှင်းပြထားပါသည်။ လွန်ခဲ့သော ၁၂ လအတွင်း “Made in USA” ဟု တံဆိပ်တပ်ထားသော ထုတ်ကုန်အရေအတွက်သည် တိုးတက်လာခြင်းမရှိဘဲ လျော့နည်းသွားခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

အမေရိကန် ကုမ္ပဏီလုပ်ငန်းများက အဓိကပစ္စည်းအစိတ်အပိုင်းများသည် အလွန်စျေးကြီးခြင်း၊ အလွန်ရှားပါးခြင်း သို့မဟုတ် ပြည်တွင်းထောက်ပံ့မှုလုံးဝမရှိခြင်းဖြစ်ကြောင်း၊ အမေရိကန်တွင် ပြီးပြည့်စုံသောထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်တစ်ခုတည်ဆောက်ရန် အလွန်ခဲယဉ်းကြောင်း ဆိုကြသည်။
အိုင်ဒါဟိုပြည်နယ်အခြေစိုက် ထရပ်ကား ပစ္စည်းသိမ်းသေတ္တာထုတ်လုပ်ရောင်းချသူ DECKED က “၁၀၀ ရာခိုင်နှုန်း အမေရိကန်ထုတ်” အကောင်အထည်ဖော်ရန် မျှော်လင့်သော်လည်း နောက်ဆုံး ၅ ရာခိုင်နှုန်း အစိတ်အပိုင်းများတွင် အခက်တွေ့နေရကြောင်း၊ တရုတ်နိုင်ငံမှ ဝယ်ယူသော ball bearing များကို အမေရိကန်တွင် စျေးနှုန်းနှင့် ပေးပို့မှုအချိန်ကာလ နှစ်ခုစလုံးကို ယှဉ်ပြိုင်နိုင်သော ပေးသွင်းသူ ရှာမတွေ့နိုင်ကြောင်း ဖော်ပြထားသည်။

နယူးယောက်မြို့ အဆင့်မြင့် အင်္ကျီချိတ်ထုတ်လုပ်သော ကုမ္ပဏီလုပ်ငန်းငယ် Rapid Plastics ကုမ္ပဏီက အမေရိကန်ပြည်တွင်းသတ္တုချိတ်များကို ပေးသွင်းသူများသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ပိတ်သိမ်း သို့မဟုတ် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့သွားသည်ကို တွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါကုမ္ပဏီက အသုံးပြုသော သတ္တုချိတ်များနှင့် အခြားသတ္တု အစိတ်အပိုင်းများသည် ယေဘုယျအားဖြင့် တရုတ်နိုင်ငံမှ တင်သွင်းရရှိကာ စည်းကြပ်ခွန်များသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျင်မြန်စွာ မြင့်တက်စေလျက်ရှိကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားပြည်နယ်မှ စက်ကိရိယာထုတ်လုပ်သူ Haas Automation ကုမ္ပဏီသည် ၎င်း၏ ကုန်ချောထုတ်လုပ်သည့်ဘောင်အတွက် လိုအပ်သော သွင်းသံကို တရုတ်နိုင်ငံမှ တင်သွင်းနေရသည်။ အမေရိကန်တွင် တစ်နှစ်လျှင် ပေါင် သန်း ၁၀၀ ကျော် ထုတ်လုပ်နိုင်သည့် စက်ရုံမရှိကြောင်း၊ သွင်းသံတစ်ပေါင်လျှင် ဒေါ်လာအနည်းငယ်သာတန်ဖိုးရှိပြီး အလုပ်သမားလည်းရှားပါးကြောင်း၊ အမေရိကန်တွင် အလွန်ကြီးမားသော အခြေခံ သံသွန်းစက်ရုံကြီးများ တည်ဆောက်ရန်မှာလည်း လက်တွေ့မကျကြောင်း အဆိုပါကုမ္ပဏီမန်နေဂျာ၏ ပြောကြားထားသည်ကို ဆောင်းပါးတွင် ဖော်ပြထားသည်။

စည်းကြပ်ခွန် ထိခိုက်မှုကြောင့် Haas Automation ကုမ္ပဏီသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ စက်ရုံ ထုတ်လုပ်မှု ပမာဏကို လျှော့ချခဲ့ပြီး အလုပ်အချိန်ပိုဆင်းခြင်းကို ပယ်ဖျက်ခဲ့ကြောင်း၊ စည်းကြပ်ခွန်မလျှော့ချပါက အဆိုပါကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၅၀၀ ရှိသော နီဗားဒါးပြည်နယ်၌ အသစ်တည်ဆောက်ထားသည့် စက်ရုံမှာ လည်ပတ်မှုနှောင့်နှေးနိုင်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၂ လ အတွင်း အမေရိကန်တွင် “Made in USA” ဟူ၍ တံဆိပ်တပ်ထားသော လူသုံးကုန်နှင့် ကုန်စုံပစ္စည်းပေါင်း ၁ သိန်းနီးပါးရှိပြီး ယင်းမှာ လွန်ခဲ့သော ၁၂ လကထက် ၂,၀၀၀ ခု လျှော့နည်းသွားကြောင်း စျေးကွက်သုတေသန အဖွဲ့အစည်းဖြစ်သော NielsenIQ ကုမ္ပဏီ၏ စာရင်းအင်းတွင် ဖော်ပြထားသည်။

ဖီလာဒဲလ်ဖီးယားမြို့ရှိ မိသားစုကုမ္ပဏီလုပ်ငန်းဖြစ်သော Channellock ကုမ္ပဏီမှ ထုတ်လုပ်သော ပလာယာများ၊ ကိရိယာအိတ်များနှင့် ဝက်အူလှည့်များသည် ၁၀၀ ရာခိုင်နှုန်း အမေရိကန်ထုတ်ဖြစ်သော်လည်း ယင်းကုမ္ပဏီတာဝန်ရှိသူများက အကယ်၍ စည်းကြပ်ခွန်ကြောင့် အမေရိကန်၏ သတ္တုများအပေါ် လိုအပ်ချက် တိုးလာပါက ၎င်း၏ ပြည်တွင်းသံမဏိ ပေးသွင်းသူများသည် ကားထုတ်လုပ်မှုစက်ရုံများနှင့် အခြားသော ဝယ်ယူသူကြီးများ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းပေးနိုင်မည့်အပေါ် စိုးရိမ်ပူပန်ကြကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။ (Xinhua)
………………………………
(Chinese Version)
美媒:美企要实现“全美国造”困难重重
新华社纽约4月30日电 美国《华尔街日报》日前发表题为《产品100%“美国制造”为何如此困难》的文章,以多个案例说明,美国制造业企业实现产品完全“美国制造”困难重重。过去12个月,标注“美国制造”产品数量反而有所下降。文章摘要如下:
美国制造业企业表示,关键零部件要么过于昂贵,要么过于稀缺或干脆没有国内供应。要在美国构建一个完整的产业链任务艰巨。
爱达荷州皮卡车收纳箱生产商DECKED期望实现100%美国制造,但卡在最后5%的零部件上。从中国采购的滚珠轴承无法在美国找到同时具备价格和供货周期竞争力的供应商。
纽约市生产高端衣架的小企业拉皮德塑料公司发现,美国国内金属挂钩的供应商20多年前就已倒闭或转移到海外。目前,该公司所用金属挂钩和其他金属部件均来自中国,而关税正在快速推高生产成本。
加州器械生产商哈斯自动化公司加工产品框架所需的铸铁来自中国。该公司负责人表示,美国没有年产能超过1亿磅的生产厂家。每磅铸铁价值只有几美元,也难以找到工人,在美国建造超级基础性的铸铁厂并不现实。
受关税影响,哈斯自动化公司已减少加州工厂产量并取消加班。如果不降低关税,该公司投资5亿美元在内华达州新建的工厂可能要推迟投产。
市场研究机构尼尔森IQ公司统计显示,过去12个月,美国有大约10万个消费品和杂货标注“美国制造”,比此前12个月减少了2000个。
费城家族企业钱纳洛克公司所生产的钳子、工具袋和螺丝刀虽然100%在美国制造,但令公司负责人担忧的是,如果进口关税导致美国对金属的需求增加,其国内钢材供应商可能优先满足汽车厂和其他大客户的需求。(完)
图说:这是2024年3月21日在美国首都华盛顿拍摄的一家苹果门店。新华社记者刘杰摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.