Connect with us

Asia

အမေရိကန်၏ စည်းကြပ်ခွန်ဖိအားပေးမှုကို အရှုံးပေးလက်ခံလျှင် ပို၍ ကြီးမားသော ထိခိုက်မှုဒဏ်ခံရမည်ဟု ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Suchart Thada-Thamrongvech ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းဘဏ္ဍာရေးဝန်ကြီးဟောင်းက ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၅ ရက် (ဆင်ဟွာ)
အမေရိကန်၏ စည်းကြပ်ခွန် ထပ်တိုးကောက်ခံမှုသည် တစ်ဖက်သတ် အစီအမံ ဖြစ်ပြီး သီအိုရီ အထောက်အထား မရှိကြောင်း၊ ယင်းမှာ ထိုင်းနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ပြင်းထန်သည့် ရိုက်ခတ်မှု ဖြစ်စေရုံသာမက အမေရိကန် စားသုံးသူများ၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေရာ နိုင်ငံအသီးသီးအနေဖြင့် အမေရိကန်ဘက်က ယုတ္တိမရှိသော တောင်းဆိုချက်ကို အရှုံးပေး လက်သင့်မခံသင့်ကြောင်း ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Suchart Thada-Thamrongvech သည် မကြာမီရက်ပိုင်းက ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။

“အမေရိကန်ဘက်က ဖိအားပေးမှုကို ကျွန်တော်တို့အနေနဲ့ အရှုံးပေးလက်သင့်ခံစရာအကြောင်းမရှိဘူး။ အလျှော့ပေးလိုက်လျောဖို့ ရွေးချယ်တဲ့ နိုင်ငံတွေက နောက်ဆုံးမှာ ပိုပြီးကြီးမားတဲ့ ထိခိုက်မှုဒဏ်ခံရမယ်။ ခင်ဗျားအနေနဲ့ ခေါင်းငုံ့လိုက်ပြီဆိုရင် တစ်ဖက်က ပိုပြီး မပြီးနိုင်မစီးနိုင် ကမ်းတက်လာလိမ့်မယ်” ဟု Suchart က ပြောကြားခဲ့သည်။

အမေရိကန်သည် စည်းကြပ်ခွန်မူဝါဒများစွာကို ထုတ်ပြန်ကြေညာခြင်းနှင့် အပြန်ပြန်အလှန်လှန် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်မှာ ကမ္ဘာ့ကုန်သွယ်ရေးစည်းစနစ်ကို ဆိုးရွားစွာ ရှုပ်ထွေးစေကြောင်း၊ “ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအများစုရဲ့ ကုန်သွယ်ရေးက ဆိုးရွားစွာ သက်ရောက်ခံနေရပြီး နိုင်ငံအသီးသီးအပေါ် အလွန်တရာ ကြီးမားတဲ့ မတည်ငြိမ်မှုတွေကို သယ်ဆောင်လာပေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေးပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Suchart က အမေရိကန်ဘက်က စည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အကြောင်းပြချက်အမျိုးမျိုးက သီအိုရီအထောက်အထားမရှိဟု ယူဆသည်။ အမေရိကန်က ထိုမတိုင်မီ စည်းကြပ်ခွန်ထပ်တိုးကောက်ခံသောမူဝါဒအတွက် ပေးဆပ်မှုကို နိုင်ငံခြား ပို့ကုန်လုပ်ငန်းရှင်များက ခံစားရခြင်းမဟုတ်ဘဲ ၎င်းနိုင်ငံရှိ စားသုံးသူများက ခံစားရခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်လုပ်ငန်းအချို့သည် စည်းကြပ်ခွန် အစီအမံများကြောင့် အမေရိကန်နိုင်ငံသို့ ပြန်လည်စီးဝင်မှု ရှိသော်ငြားလည်း ၎င်းတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန်မှာ အချိန်ကြာမြင့်စွာ လိုအပ်ရာ စည်းကြပ်ခွန်၏ အနုတ်လက္ခဏာ သက်ရောက်မှုကို ခုနှိမ်နိုင်မည် မဟုတ်ကြောင်း Suchart က ယူဆသည်။

“အမေရိကန်က ကိုယ့်ပြည်သူလူထုကို နစ်နာအောင် လုပ်ဆောင်နေတယ်”၊ “စူပါမားကက် ပစ္စည်းစင်ပေါ်က ကုန်ပစ္စည်းတွေက ပျောက်ကွယ်လာနေပြီး ကုန်ဈေးနှုန်းတွေက ခုန်ပျံကျော်လွှား မြင့်မားလာမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ရှုမြင်ရလျှင် အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်၏ အလွန်တရာကြီးမားသော အကျိုးခံစားသူ ဖြစ်သည်။ “အမေရိကန်ဟာ ကာလကြာရှည်စွာ ငွေစက္ကူရိုက်နှိပ်မှုကို အားကိုးပြီး ကမ္ဘာကြီးကနေ ကုန်ပစ္စည်းတွေ ဝယ်ယူတယ်။ ကမ္ဘာက လက်တွေ့ကုန်ပစ္စည်းတွေကို ရိုက်နှိပ်ထားတဲ့ ပိုက်ဆံတွေနဲ့ လဲလှယ်ရတယ်။ အမေရိကန်က ဘာမှ ညည်းညူစရာ အကြောင်းမရှိပါဘူး” ဟု Suchart က ဆိုသည်။

ထိုင်းနိုင်ငံကဲ့သို့သော ပို့ကုန်ကို အားထားရသည့် စီးပွားရေးအစုအဖွဲ့များသည် ဆိုးရွားသည့် ရိုက်ခတ်မှုဒဏ် ခံနေရကြောင်း Suchart က ပြောကြားခဲ့သည်။ ပို့ကုန်အစီအစဉ်သည် လအနည်းငယ်ကြာ ကြိုတင်ပြင်ဆင်ရန် လိုအပ်လေ့ရှိရာ ရုတ်ခြည်း စည်းကြပ်ခွန်အပြောင်းအလဲဖြစ်မှုကြောင့် နိုင်ငံနှင့် ကုမ္ပဏီလုပ်ငန်းတွေက ထုတ်လုပ်မှုနှင့် ဈေးကွက်ဗျူဟာကို မည်သို့မျှ အချိန်မီ ချိန်ညှိပြောင်းလဲနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အစီအမံနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှု၏ သက်ရောက်မှုဒဏ်ကို ခံရခြင်းကြောင့် ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၃ ရာခိုင်နှုန်းမှ ၂.၁ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းဗဟိုဘဏ်က အဆိုးရွားဆုံးအခြေအနေမှာ ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းအနေဖြင့် ၁.၃ ရာခိုင်နှုန်းသာ ရှိနိုင်ကြောင်း ဧပြီလကုန်တွင် ပြောကြားခဲ့သည်။

အမေရိကန်ဘက်က စည်းကြပ်ခွန်ဖိအားကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးအနေဖြင့် မိမိ၏အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သင့်ကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် လွတ်လပ်သောကုန်သွယ်ရေးကို ဆက်လက်ထောက်ခံအားပေးသင့်ပြီး အခြားကုန်သွယ်ရေးမိတ်ဖက်များနှင့် ဆက်ဆံရေးကို မြှင့်တင်သင့်ကြောင်း၊ ထို့ပြင် အာဆီယံညှိနှိုင်းဆွေးနွေးမှု မြှင့်တင်ခြင်းဖြင့် ဘုံအကျိုးစီးပွားကို ကာကွယ်ရမည် ဖြစ်ကြောင်း Suchart က ယူဆသည်။

“အမေရိကန်လို မူဝါဒ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဈေးကွက်ကြီးကို အတိုင်းထက်အလွန် အားကိုးနေခြင်းက ကျွန်တော်တို့ကို အန္တရာယ်ထဲ သက်ဆင်းစေလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————
(Chinese Version)
专访|屈从于美国关税施压将受到更大伤害——访泰国前财长素察·他达探隆威
新华社曼谷5月5日电 专访|屈从于美国关税施压将受到更大伤害——访泰国前财长素察·他达探隆威   新华社记者林昊
泰国前财政部长素察·他达探隆威近日接受新华社专访时表示,美国加征关税是单边措施且缺乏理论依据,不仅严重冲击包括泰国在内的发展中国家,也损害美国消费者利益,各国不应屈从于美方无理要求。
“我们没有理由屈从于美方压力。选择妥协的国家最终会受到更大伤害。你一旦低头,对方就会得寸进尺,没完没了。”素察表示,美国先后宣布一系列关税政策并反复调整,这种做法严重扰乱全球贸易秩序。“世界上大部分地区的贸易受到严重影响,给各国带来巨大不确定性。”
曾任经济学教授的素察认为,美方加征关税的各种理由缺乏理论依据。美国此前加征关税政策的代价大多由本国消费者承担,而非外国出口商。即便个别产业在关税措施下能回流美国,也需要长时间才能发展起来,无法抵消关税负面影响。
“美国正在伤害自己的民众。”他说,“超市货架上的商品正在消失,物价将会飞涨。”
在他看来,美国是全球贸易体系的巨大受益者,“美国长期以来依赖印钞向世界采购商品。世界用实物商品来交换印出来的钱,美国没什么可以抱怨的”。
素察表示,类似泰国这样的出口导向型经济体,正受到严重冲击。出口计划往往需要提前数月准备,而突如其来的关税变动,使国家和企业根本无法及时调整生产和市场策略。
泰国财政部1日表示,受美国加征关税措施和全球经济放缓影响,泰国2025年经济增长预期从3%下调至2.1%。泰国央行4月底表示,在最糟糕情况下,泰国今年经济增长可能仅为1.3%。
素察认为,面对美方关税施压,各国应坚定维护自身利益。东盟国家应继续支持自由贸易,加强与其他贸易伙伴的关系,并通过东盟加强协调,维护共同利益。“过度依赖像美国这样一个政策不可预测的大型市场会让我们陷入危险之中。”(完)
1. 4月30日,在泰国曼谷,泰国前财政部长素察·他达探隆威接受新华社记者专访。新华社发(塔纳摄)