China
သူရဲကောင်းမလေး “အိမ်” ပြန်ချိန်

ရှောက်ရှင်း (ကျဲ့ကျန်း)၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
“သူရဲကောင်းမလေး ပြန်လာပြီ”
ဇူလိုင် ၁ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့ ပါးကျစ်တံတားနံဘေးရှိ အဘွားထောင်၏ အိမ်ထဲတွင် ရယ်မောသံများနှင့်ပြည့်နှက်နေသည်။
“မဟာဘွဲ့သင်တန်းအတွက် အင်တာဗျူးအောင်သွားပြီ။ ဒုတိယသုံးလပတ် ရှောက်ရှင်းမြို့ သူတော်ကောင်း စာရင်းလည်းဝင်သွားတယ်။ ဘွဲ့ရအမှတ်တရ တရုတ်ခြင်္သေ့အက ဖျော်ဖြေတင်ဆက်မှုလည်း အောင်မြင်တယ် …” ရုရှားမိန်းကလေး Gubaidullina Shakhnaz Evgenevna က ထမင်းစားပွဲတွင် အားလုံးနှင့်အတူ လတ်တလောရက်ပိုင်း သတင်းကောင်းများကို မျှဝေနေသည်။
မကြာသေးမီက ဟူကျိုးတက္ကသိုလ်မှ ဘွဲ့ရကျောင်းသူ Gubaidullina Shakhnaz Evgenevna သည် ဘွဲ့ရ အလည်အပတ်ခရီးသွားနေစဉ် ပါးကျစ်တံတားဘေး၌ မတော်တဆ ရေထဲပြုတ်ကျသွားသော အဘွားထောင်ကို ကယ်တင်ခဲ့သူဖြစ်သည်။ ၎င်း၏ အသက်စွန့်ကာ လူ့အသက်ကယ်သည့်ဖြစ်စဉ်ကို ထိုနေရာရှိ စောင့်ကြည့်ရေးကင်မရာက မှတ်တမ်းတင်ထားခဲ့ပြီး အင်တာနက်ပေါ်တွင် လူသိများလာခဲ့ရာ အင်တာနက်အသုံးပြုသူများက ၎င်းကိုချီးကျူးကြသည်။
ယနေ့တွင် ၎င်းက အဘွားထောင်၏အိမ်သို့ ထပ်မံလာရောက်ကြည့်ရှုခဲ့သည်။ အဘွားထောင်ကလည်း နံနက်ပိုင်းမှစ၍ ထမင်းဟင်းများပြင်ဆင်ပြီး Gubaidullina Shakhnaz Evgenevna ကို လှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့သည်။ “အဖွားက သမီးတရုတ်နိုင်ငံက မိသားစုဝင်ပဲ” ဟု အဘွားထောင်က ၎င်းကို ပြောကြားခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့တွင် ဒေသခံပြည်သူများက Gubaidullina Shakhnaz Evgenevna အား ချီးကျူးနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့တွင် Gubaidullina Shakhnaz Evgenevna က အဘွားထောင်နေအိမ်တွင် အဝေးမှမိသားစုဝင်များနှင့် ဗီဒီယိုဖြင့်ဆက်သွယ်ပြောကြားနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————
(Chinese Version)
女英雄回“家”
新华社照片,绍兴(浙江),2025年7月1日
“女英雄,回来啦!”7月1日,浙江省绍兴市八字桥畔的陶奶奶家中充满欢声笑语。“考研面试通过、入围二季度绍兴好人名单、毕业狮舞表演成功……”俄罗斯姑娘莎河娜斯在饭桌上跟大伙儿报告近日的喜讯。
近日,湖州师范学院毕业生莎河娜斯毕业旅行时,在八字桥边救起意外落水的陶奶奶。她奋不顾身救人的过程被当地监控记录下来,并在网上传播,网友纷纷为她点赞。今天,她再次来到陶奶奶家探望。陶奶奶一早就开始准备饭菜,热情招待莎河娜斯。陶奶奶对她说:“我就是你在中国的亲人。”
1、7月1日,莎河娜斯在绍兴与陶奶奶拥抱问候。 新华社发(伊凡摄)
2、7月1日,当地居民为莎河娜斯点赞。新华社发(伊凡摄)
3、7月1日,莎河娜斯在陶奶奶家与远方家人视频连线。新华社发(伊凡摄)