Connect with us

China

ဂျပန်၏ ကျူးကျော်မှုအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံတော်လှန်ခဲ့သည့် ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား တရုတ်နိုင်ငံတွင် ကျင်းပ

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ဂျပန်၏ ကျူးကျော်မှုအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ခုခံတော်လှန်ခဲ့သည့် ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား တရုတ်နိုင်ငံတွင် ဇူလိုင် ၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် “နိုင်ငံလွတ်မြောက်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်” ဟူသော ခေါင်းစဉ်ဖြင့် ပြပွဲတစ်ခုကိုလည်း ကျင်းပခဲ့သည်။
၁၉၃၇ ခုနှစ် ဇူလိုင် ၇ ရက်၌ ဂျပန်တပ်များက တရုတ်တပ်ဖွဲ့ဝင်များအား စတင်တိုက်ခိုက်ကာ တရုတ်နိုင်ငံအား အင်ပြည့်အားပြည့် စတင်ကျူးကျော်ခဲ့သည့် အမှတ်သင်္ကေတဖြစ်သော မာကိုပိုလို တံတားဟုလည်း လူသိများသည့် လူကိုးတံတားအနီးတွင် တည်ရှိသော တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြတိုက်၌ အဆိုပါ အခမ်းအနားနှင့် ပြပွဲတို့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနား၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရုံး အဖွဲ့ဝင် ချိုက်ချီက မိန့်ခွန်းပြောကြားခဲ့ပြီး ပြပွဲဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)


………………..
(English Version)
China marks 88th anniversary of whole-nation resistance against Japanese aggression
BEIJING, July 7 (Xinhua) — China on Monday held a ceremony to mark the 88th anniversary of the start of the entire nation’s resistance against Japanese aggression.
An exhibition themed “For National Liberation and World Peace” was also launched to commemorate the victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War.
Both the ceremony and the exhibition were held at the Museum of the War of Chinese People’s Resistance Against Japanese Aggression, located near the Lugou Bridge — also known as the Marco Polo Bridge — where Japanese troops attacked Chinese forces on July 7, 1937, marking the beginning of their full-scale invasion of China.
Cai Qi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and a member of the Secretariat of the CPC Central Committee, delivered a speech at the event and announced the opening of the exhibition.