Africa & Middle East
လစ်ဗျားနိုင်ငံတောင်ပိုင်းတွင် ပြန်ပေးဆွဲခံရသည့် တူရကီအလုပ်သမားများ လွတ်မြောက်
ထရီပိုလီ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံတောင်ပိုင်းတွင် ယခင်နှစ်က သေနတ်သမားများ ပြန်ပေးဆွဲခံထားရသည့် တူရကီနိုင်ငံသား အလုပ်သမား သုံးဦး လွတ်မြောက်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသည့် အစိုးရက ဇွန်လ ၂၃ ရက်တွင် ကြေညာလိုက်သည်။
“ဇွန်လ ၂၃ ရက်ညနေပိုင်းက လုံခြုံရေးတပ်ဖွဲ့များ၏ အားထုတ်မှုနဲ့အတူ Obari ဓာတ်ငွေ့စက်ရုံ စီမံကိန်းကို စီမံဆောင်ရွက်နေတဲ့ တူရကီနိုင်ငံ ENKA Teknik ကုမ္ပဏီက နည်းပညာရှင် သုံးယောက် လွတ်မြောက်သွားပါပြီ” လို့ တူရကီနိုင်ငံ ဝန်ကြီးချုပ် Fayez Sarrj ၏ ရုံး ပြန်ကြားရေးက ကြေညာချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ အလုပ်သမား သုံးဦးသည် Obari လုပ်ငန်းခွင်မှ ထရီပိုလီမြို့သို့ ပြန်စဉ် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် ထရီပိုလီမှ ၎င်းတို့၏နိုင်ငံ တူရကီနိုင်ငံသို့ ခရီးဆက်ကြမည်ဖြစ်သည်။
ယခင်နှစ် နိုဝင်ဘာလ ၃ ရက်က ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထရီပိုလီမြို့တော် တောင်ဘက် ၁၁၀၀ ကီလိုမီတာအကွာရှိ Obari စီမံကိန်းတွင် လုပ်ကိုင်နေသည့် အဆိုပါ တူရကီနိုင်ငံသား ၃ ဦးနှင့် ဂျာမနီနိုင်ငံသား ၁ ဦးတို့အား အမည်မသိ လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။ (Xinhua)