Connect with us

Africa & Middle East

ဂါနာ နိုင်ငံ တွင် ရေကြီးရေလျှံမှု ဖြစ်ပွား လူ အနည်းဆုံး ၁၀ ဦး သေဆုံး

ရေကြီးရေလျှံမှု ဖြစ်ပွားသည့် နေရာ တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အက်ခရာ ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ဂါနာ နိုင်ငံ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ဌာန ပြောရေးဆိုခွင့်ရှိသူ က ဂါနာ နိုင်ငံ တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသောကြောင့် လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံးကြောင်း ဇွန်လ ၂၁ ရက် တွင် ပြောကြား ခဲ့သည်။

ဂါနာ နိုင်ငံ တွင် ဇွန်လ ၁၈ ရက်နေ့ မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှု ဆက်တိုက် ဖြစ်ပွား သောကြောင့် နိုင်ငံ ဒေသ အများအပြား တွင် ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ကြောင်း ၊ မြို့တော် အက်ခရာ တွင် ရေဘေးဒဏ် ပိုမို ပြင်းထန်ခဲ့ပြီး အဆောက်အဦ များစွာ ပျက်ဆီး ခဲ့ရကြောင်း သိရှိရသည်။

ဂါနာ နိုင်ငံ ရှိ မြို့ပြအင်ဂျင်နီယာ တစ်ဦး က အက်ခရာ မြို့ သည် မြေနိမ့်ပိုင်း ဒေသတွင် တည်ရှိပြီး ရေမြောင်း ပိတ်ဆို့မှု နှင့် တရားမဝင် အဆောက်အဦ တည်ဆောက်မှုများကြောင်း ရေဘေးဒဏ် ပိုမို ပြင်းထန်စွာ ခံခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ဂါနာ နိုင်ငံ တွင် နှစ်စဉ် ဇွန်လပိုင်း ၌ ကမ်းရိုးတန်း ဒေသ နှင့် အလယ်ပိုင်း ဒေသ တွင် မိုးသန်းထန်စွာ ရက်ဆက် ရွာသွန်းမှု ဖြစ်ပွား လေ့ရှိကြောင်း သိရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.