Europe
တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု ပင်လယ်ပြင်လေ့ကျင့်ရေးအဆင့် ရောက်ရှိ

ဗလာဒီဗော့စ်တော့ခ်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် ၃ ရက်မှစ၍ ပင်လယ်ပြင်လေ့ကျင့်ရေးအဆင့် ရောက်ရှိခဲ့ရာ လေ့ကျင့်ရေးတွင် ပါဝင်သည့် နှစ်ဖက် ရေယာဉ်များက ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ရှိ စစ်ဘက်ဆိပ်ကမ်းမှ ကြိုတင်သတ်မှတ်ထားသည့် ပင်လယ်ပြင်ဧရိယာသို့ ကဏ္ဍအလိုက် လေ့ကျင့်မှုများ လုပ်ဆောင်ရန် စတင်ထွက်ခွာခဲ့သည်။
ဒေသစံတော်ချိန် ဩဂုတ် ၃ ရက် နံနက် ၅ နာရီခန့်တွင် လေ့ကျင့်မှုတွင်ပါဝင်သော တရုတ်-ရုရှား ရေယာဉ်များသည် အစဉ်အလိုက် ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခဲ့ကြသည်။ ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် နှစ်ဖက်အနေဖြင့် တရုတ်-ရုရှား ရေယာဉ် ရောနှောစီစဉ်ထားသည့် အစီအစဉ်များအရ အုပ်စုဖွဲ့ကာ မစ်ရှင်ထမ်းဆောင်မည့် ပင်လယ်ပြင်ဧရိယာသို့ မောင်းနှင်ကာ နှစ်ဖက်ရေယာဉ်များသည် ဆက်သွယ်ရေးကွင်းဆက်လမ်းကြောင်းတည်ဆောက်ပြီး ပင်လယ်ပြင် မိုးလေဝသနှင့် ဇလဗေဒ၊ ပင်လယ်ပြင်နှင့် လေကြောင်းဆိုင်ရာ အခြေအနေ စသည့် သတင်းအချက်အလက်များကို အပြန်အလှန် သတင်းပို့ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ရေးအစီအစဉ်များအရ တရုတ်-ရုရှား ပင်လယ်ပြင် ရေယာဉ်အဖွဲ့သည် ရေငုပ်ကူညီကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောပူးတွဲတိုက်ဖျက်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေး၊ ရေတပ်စစ်ဆင်ရေး စသည့် အခန်းကဏ္ဍများအပါအဝင် လက်နက်လက်တွေ့အသုံးချမှု လေ့ကျင့်ရေးများကို သုံးရက်ကြာ ပင်လယ်ပြင်လေ့ကျင့်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု၌ ပါဝင်သည့် တရုတ်ဘက်ရေယာဉ်အုပ်စု ကွပ်ကဲရေးသင်္ဘောဖြစ်သော ရှောက်ရှင်းသင်္ဘော ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ စစ်ဘက်ဆိပ်ကမ်းသို့ ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
中俄“海上联合-2025”联合演习进入海上演练阶段
新华社符拉迪沃斯托克8月3日电(李扬扬 田沛羽)中俄“海上联合-2025”联合演习3日起进入海上演练阶段,双方参演舰艇从俄罗斯符拉迪沃斯托克某军港解缆起航,驶向预定海域开展多课目演练。
当地时间3日5时许,中俄参演舰艇依次驶离码头。离港后,双方按照中俄舰艇混编的顺序组成编队,驶向任务海域,双方舰艇建立通信链路,互相通报海区水文气象、海空情况等信息要素。 按照演习方案,中俄海上舰艇编队计划举行为期3天的海上演练,包括援潜救生、联合反潜、防空反导、对海作战等多个课目,并开展实际使用武器训练。(完)
1. 这是7月31日在俄罗斯符拉迪沃斯托克某军港拍摄的参加中俄”海上联合-2025“联合演习的中俄双方部分参演舰艇。新华社记者 李扬扬 摄
2. 7月31日,参加中俄“海上联合-2025”联合演习的中方舰艇编队指挥舰绍兴舰抵达俄罗斯符拉迪沃斯托克某军港。新华社发(段振军摄)