Connect with us

International Organizations

ရဝမ်ဒါနိုင်ငံက မြို့တော် ကီဂါလီတွင် ၂၀၂၅ UCI လမ်းကမ္ဘာ့ချန်ပီ ယံရှစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပရန် စီစဥ်ပြင်ဆင်

သြစတြေးလျနိုင်ငံ Wollongong မြို့တွင် ပြုလုပ်သည့် 2022 UCI Road World Championships ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နေသည့် စက်ဘီး အားကစားသမားများအား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကီဂါလီ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ရဝမ်ဒါနိုင်ငံက မြို့တော် ကီဂါလီတွင် ၂၀၂၅ UCI UCI Road World Championships ပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် စက်တင်ဘာ ၂၁ ရက်မှ ၂၈ ရက်အထိ သမိုင်းဝင် ပြုလုပ်ရန် စီစဥ်ပြင်ဆင်နေ‌ကြောင်း သိရသည်။ ယင်းမှာ အာဖရိကမြေပေါ်တွင် ဂုဏ်ယူစွာ ကျင်းပ မည့် နိုင်ငံ၏ ပထမဆုံးသော စက်ဘီးပြိုင်ပွဲလည်း ဖြစ်သည်။
အစိုးရ၏ တရားဝင်ဆိုရှယ်မီဒီယာတွင် သြဂုတ် ၁၃ ရက်က ဝေမျှခဲ့သည့် ကြေညာချက်တွင် ကမ္ဘာ့အဆင့် စက်ဘီးစီးသမားများ မြို့တော်လမ်းများကို ဖြတ်သန်းပြီး အားမာန်အပြည့် ပြိုင်ပွဲဝင်နေမည်ကို ကြိုဆိုရန် စိတ်လှုပ်ရှား မှုကိုဖော်ပြခဲ့သည်။
“ကီဂါလီက ကမ္ဘာ့ထိပ်တန်း စက်ဘီးသမားတွေရဲ့ သမိုင်းဝင် ယှဥ်ပြိုင်မှုမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်လှုပ်ရှားနေကြောင်း” ကြေညာချက်တွင် ပြောကြားခဲ့သည်။
တစ်ပတ်တာကြာမြင့်မည့် ချန်ပီယံရှစ်ပြိုင်ပွဲများအတွင်း ဘေးကင်းလုံခြုံပြီး အဆင်ပြေသော ပြိုင်ပွဲများ ဖြစ်စေရန် တာဝန်ရှိသူများမှ ပြိုင်ပွဲကျင်းပရာ သတ်မှတ်လမ်းတစ်လျှောက် ယာယီလမ်းပိတ်မှုများ အကောင်အထည်ဖော် လုပ်ဆောင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
ပွဲကျင်းပနေစဥ်ကာလ စက်တင်ဘာ ၂၁ ရက်မှ ၂၈ ရက် အတွင်း ကီဂါလီမြို့ရှိ ကျောင်းများအားလုံး ပိတ်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အကူးအပြောင်းကာလ အဆင်ပြေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ်ချုပ်ရေးအဖွဲ့များ ကျောင်းသားမိဘများနှင့် နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားလာရေး အခက်အခဲ လျော့နည်းစေရန် ယာဥ်စည်းကမ်း တာဝန်ရှိသူများက လမ်းလွှဲများကိုလည်း ကြိုတင် သတ်မှတ်အသိပေးသွားမည် ဖြစ်သည်။
မြို့တော်တစ်ဝန်းတွင် အထူးဇုန်နေရာများ တည်ဆောက်သွားမည်ဖြစ်ပြီး ပွဲကြည့်ပရိသတ်များသည် ကမ္ဘာ့အဆင့် စက်ဘီးပြိုင်ပွဲကို အနီးကပ် တွေ့ကြုံ ခံစားနိုင်မည်အခွင့်အရေး ရရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Rwanda gears up to host historic 2025 UCI Road World Championships in Kigali
KIGALI, Aug. 13 (Xinhua) — Rwanda is gearing up to make history as it hosts the 2025 UCI Road World Championships from September 21 to 28 in the country’s capital Kigali — marking the first time the prestigious cycling event will take place on African soil.
The announcement, shared Wednesday on the government’s official social media account, expressed the nation’s excitement about welcoming the world’s elite cyclists to race through the vibrant streets of the capital.
“Kigali is excited to host the world’s top cyclists as they compete in this landmark event,” the statement said.
To ensure a safe and seamless competition, the authorities will implement temporary road closures along designated race routes at specific times during the week-long championships, it added.
All schools in Kigali will be closed for the duration of the event, from September 21 to 28, according to the statement. The Ministry of Education will work closely with school administrators and parents to ensure a smooth transition.
To minimize travel disruptions, traffic authorities will provide clearly marked alternative and detour routes in advance.
Special fan zones will be set up across the city, giving spectators the chance to experience world-class cycling up close.
Photo : Cyclists compete during the Men’s Elite Road Race of the 2022 UCI Road World Championships in Wollongong, Australia, Sept. 25, 2022. (Photo by Zhu Hongye/Xinhua)