Connect with us

WORLD

ရဝမ်ဒါနိုင်ငံတွင် အသွားအလာ ပိတ်ဆို့ထားစဉ် မတန်တဆဈေးတင်ရောင်းသော ကုမ္ပဏီနှင့် စီးပွားရေးသမားများကို အရေးယူ

ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့အတွင်း COVID-19 ဖြစ်ပွားမှုကြောင့် ပိတ်ထားသည့်ဈေးအား တွေ့ရစဉ် (ဆင်ဟွာ)

ကီဂါလီ ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

COVID-19 ကြောင့်ပိတ်ဆို့ထားသည့်ကြားမှ စည်းကမ်းချိုးဖောက်ခဲ့သည့်  ကုမ္ပဏီနှင့် စီးပွားရေးသမား ၁၄၆ ဦးကို  အရေးယူ၍ ဒဏ်ရိုက်ခဲ့သည်ဟု ရဝမ်ဒါကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည် ။

မတ် ၁၇ ရက်မှစ၍ ဒဏ်ရိုက်ခဲ့သည့်ငွေပမာဏမှာ  ရဝမ်ဒါဖရန့်ငွေ ၁၀,၇၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁,၄၈၀ ) ရှိပြီဖြစ်သည်ဟု ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ရဝမ်ဒါနိုင်ငံတွင် ဧပြီ ၁ ရက်က ရောဂါဖြစ်ပွားသူအသစ် ၇ ဦးတွေ့ရှိခဲ့ပြီးနောက် ၎င်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး လက်ရှိတွင် ရဝမ်ဒါ၌ ရောဂါဖြစ်ပွားသူ ၈၂  ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မြို့တော်အတွင်း စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ကုန်စည်တစ်ချို့ကိုပုံမှန်မဟုတ်သည့် ဈေးတင်ရောင်းချမှုများ၊ အလေးချိန်မှန်ကန်မှုမရှိစေရန် တမင်ရည်ရွယ်ကာပြုလုပ်မှုများနှင့်  တရားမဝင်ငွေ တောင်းခံလွှာ ထုတ်ပေးမှုများကို တွေ့ရှိခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

စည်းကမ်းချိုးဖောက်သူများအနေဖြင့် စားသုံးသူကာကွယ်ရေး၊ ပြည်တွင်းကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ဆက်စပ်နေသည့်ဥပဒေများကို ချိုးဖောက်ခဲ့သည်ဟု ဝန်ကြီးဌာနအဆိုအရ သိရသည်။မတ်လအစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပိတ်ဆို့မှုများပြုလုပ်ထားစဉ် ရဝမ်ဒါနိုင်ငံ၌    အလုအယက်ဝယ်ယူမှုများကို တားဆီးနိုင်ရန် စားသောက်ကုန်ရောင်း ချမှုများနှင့် အခြားမရှိမဖြစ်လူသုံးကုန် ရောင်းချမှုကို တစ်နေ့ချင်းကန့်သတ်ခဲ့ကြောင်း သိရသည်။

မတ် ၂၁ ရက်၌  ရဝမ်ဒါနိုင်ငံတွင် COVID-19 ပျံ့နှံမှုကိုထိန်းချုပ်နိုင်ရန်  ဒေသခံများအနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်မှုများနှင့် နယ်စပ်နေရာများပိတ်ပင်မှုများ စသည့် ပိုမိုကြပ်မတ်သော ဆောင်ရွက်ချက်မှုများ အကောင်အထည်ဖော်ရေးကို ကြေညာခဲ့သည်။  (Xinhua)