Connect with us

Sport

ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် Tour of Thailand 2016 တာဝေး စက်ဘီးပြိုင်ပွဲသို့မြန်မာနိုင်ငံမှ ပါဝင် ယှဉ်ပြိုင်မည်

မြန်မာ့စက်ဘီး အားကစားလက်ရွေးစင်များ လေ့ကျင့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် Tour of Thailand 2016 တာဝေး စက်ဘီးပြိုင်ပွဲသို့မြန်မာနိုင်ငံမှ ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

ထိုတာဝေး စက်ဘီးပြိုင်ပွဲကို ဧပြီလ ၁ ရက်မှ ၆ ရက် အထိ ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အရှေ့တောင်အာရှ နိုင်ငံများမှ စုစုပေါင်း အသင်း ၂၀ ကျော်ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး နိုင်ငံအလိုက် ၊ ကလပ် အလိုက် အသင်းများအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

ထိုပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မျိုးဆက်သစ် စက်ဘီး အားကစား ရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ တာဝေး စက်ဘီးကွင်း၌ ကျင်းပ ပြုလုပ်၍ လူရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)