Connect with us

Agriculture

တရုတ်နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သဘာ၀ဘေး တားဆီးကာကွယ်ရေး ရန်ပုံငွေ ယွမ် ၁.၁၅ ဘီလီယံ ခွဲဝေချထား

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၊ ပေအန်းမြို့ ပေတာ့ဟွမ်းကုမ္ပဏီ ဌာနခွဲလက်အောက်ရှိ ပေအန်းကုမ္ပဏီခွဲ ပြောင်းစိုက်ခင်းအပေါ်တွင် ပျံသန်းနေသည့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဒရုန်းလေယာဥ်ပျံငယ်တစ်စီးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ဆန်စပါးနှင့်ဂျုံကို အဓိကစိုက်ပျိုးထုတ်လုပ်သောဒေသများတွင် လယ်ယာစိုက်ပျိူးရေး နှင့်ဆိုင်သော သဘာ၀ဘေးအန္တရာယ်များကို တားဆီးကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ဗဟိုအစိုးရက ရန်ပုံငွေ ယွမ် ၁.၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆၂ သန်းခန့်) အား ခွဲဝေချထားပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သြဂုတ် ၁၄ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
ဗဟိုအစိုးရဘတ်ဂျက်မှ ခွဲဝေချထားပေးခဲ့သော ရန်ပုံငွေများအား ဆန်စပါးနှင့် ဂျုံကို အဓိက စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်အဆင့် ဒေသ ၁၃ ခုသို့ ဆောင်းဦးရာသီ သီးနှံရိတ်သိမ်းချိန်အတွင်း ပေါ်ပေါက်လာနိုင်သည့် သဘာ၀ ဘေးအန္တရာယ်များကို တားဆီးရန်၊ အန္တရာယ်ဖြစ်နိုင်ခြေများကို လျှော့ချရန်၊ အထွက်နှုန်းတည်ငြိမ်စေရေးအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဖျန်းနည်းပညာများ အား အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။

အဆိုပါရန်ပုံငွေများကို အပင်ကြီးထွားဖွံ့ဖြိုးရန်အတွက် မရှိမဖြစ်လိုအပ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများ၊ ရွက်ဖျန်းမြေဩဇာများ၊ မှိုသတ်ဆေးများ ပက်ဖျန်းခြင်း၊ ပြောင်း၊ ပဲပိစပ်နှင့် ဆန်ကဲ့သို့ ဆောင်းဦး သီးနှံများတွင် ကျရောက်တတ်သည့် အင်းဆက်ပိုးမွှားများကို ဖယ်ရှားရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း စသည့်လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကာ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ယခုနှစ်အတွင်း သီးနှံအထွက်နှုန်းကောင်းအောင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(Englsih Version)
China rolls out 1.15 bln yuan for disaster prevention in agricultural production
BEIJING, Aug. 13 (Xinhua) — China has allocated 1.15 billion yuan (about 162 million U.S. dollars) to support agricultural disaster prevention and mitigation in major grain-producing regions, the Ministry of Finance said on Wednesday.
The fund from the central budget will back 13 major grain-producing provincial-level regions in implementing spraying technologies during autumn grain production to better prevent disasters, mitigate risks and stabilize yields.
The fund will subsidize the spraying of plant growth regulators, foliar fertilizers, fungicides and insecticides on autumn crops such as corn, soybeans and rice — to help ensure a bumper harvest this year.
Photo:
An agricultural aircraft flies above a corn field at the Zhaoguang Farm under the Beidahuang Group Bei’an branch in Bei’an City, northeast China’s Heilongjiang Province, July 25, 2025. (Photo by Qian Boyu/Xinhua)