Connect with us

China

တရုတ်နိုင်ငံက ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်ရန် ဆီနီဂေါကျောင်းသားများအား ပညာသင်ဆုများ ပေးအပ်

ဒတ်ကာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ၂၀၂၅ ခုနှစ် တရုတ်အစိုးရ ပညာသင်ဆု လက်မှတ်များ ချီးမြှင့်ခြင်းနှင့် တရုတ်နိုင်ငံသို့ အဆင့်မြင့်ပညာများ သွားရောက်သင်ယူကြမည့် ဆီနီဂေါကျောင်းသားများအား နှုတ်ဆက်ပွဲ အခမ်းအနားကို ဩဂုတ် ၂၀ ရက်၌ ကျင်းပခဲ့သည်။
ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီကျစ်ကောင်းက ပညာသင်ဆုရရှိသူ ၁၇ ဦးအား ကျောင်းဝင်ခွင့်စာလွှာများ ပေးအပ်ခဲ့သည်။
ခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရာတွင် ပြည်သူများအချင်းချင်း အပြန်အလှန် အတုံ့အလှယ်ရှိမှု၏ အရေးကြီးပုံကို လီက အလေးပေးပြောကြားခဲ့သည်။ “လူငယ်များမှာ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်၊ မျှော်လင့်ချက်နှင့် လူ့အဖွဲ့အစည်း၏ ကျောရိုးဖြစ်ကြောင်း” ကျောင်းသားများအား တရုတ်နိုင်ငံတွင် ၎င်းတို့၏အချိန်များကို အကျိုးရှိစွာ အပြည့်အဝ အသုံးချရန် လီက တိုက်တွန်းပြောကြားခဲ့သည်။
ပညာသင်ယူနေစဥ်ကာလအတွင်း “တရုတ်နိုင်ငံကို တွေ့ကြုံခံစား” ကာ “တရုတ်နိုင်ငံသို့လည်း ပြန်လည်မျှဝေ” ပြီး တရုတ်-ဆီနီဂေါနှင့် တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ မြှင့်တင်ရာတွင် ကူညီပေးခြင်းဖြင့် ဆီနီဂေါနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီသူများအဖြစ် အမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကြရန်လည်း ၎င်းပညာသင်ဆုရကျောင်းသားများအား လီက အားပေးခဲ့သည်။
အဆိုပါတရုတ်အစိုးရပညာသင်ဆုရ ကျောင်းသားများကလည်း တရုတ်နိုင်ငံ၏ ကြွယ်ဝပြီး မတူကွဲပြားသော ယဉ်ကျေးမှုများကို ရှာဖွေလေ့လာရန်နှင့် ဆီနီဂေါနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရေး သံတမန်များအဖြစ် ထမ်းဆောင်ရန် မျှော်လင့်ထားကြောင်း ပြောကြားကာ ထိုအခွင့်အရေးအတွက် တရုတ်အစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Veresion)
China grants scholarships to Senegalese students to boost educational, cultural ties

DAKAR, Aug. 21 (Xinhua) — The Chinese Embassy in Senegal on Wednesday held a ceremony to award the 2025 Chinese Government Scholarship certificates and bid farewell to Senegalese students heading to China for higher studies.
Chinese Ambassador to Senegal Li Zhigang presented admission letters to 17 scholarship recipients.
Li emphasized the importance of people-to-people exchanges in fostering strong bilateral relations. “Youth are the future of a country, the hope of a nation, and the backbone of society,” he said, urging the students to make full use of their time in China.
He encouraged them to “experience China” and “share China” during their studies, and to return as contributors to Senegal’s development while helping advance China-Senegal and China-Africa friendship and cooperation.
The students expressed gratitude to the Chinese government for the opportunity, saying they looked forward to exploring China’s rich and diverse culture and to serving as ambassadors of friendship between Senegal and China. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.