Connect with us

China

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အာရှဖလားအမျိုးသမီးဟော်ကီ ဆုဖလားကို တရုတ်နိုင်ငံအသင်း ဆွတ်ခူး

ပြင်သစ်နိုင်ငံ၊ ကိုလံဘက်စ်မြို့၌ ဘယ်ဂျီယမ်အမျိုးသမီးအသင်းနှင့်ကစားခဲ့သော အမျိုးသမီးဟော်ကီဆီမီးဖိုင်နယ်ပွဲစဥ်အား အနိုင်ရပြီးနောက် အသင်းလိုက်ဓါတ်ပုံရိုက်နေကြသော တရုတ်အမျိုးသမီးအသင်းအား ၂၀၂၄ ခုနှစ် သြဂုတ် ၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဟန်ကျိုးမြို့တွင် စက်တင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာရှဖလား အမျိုးသမီးဟော်ကီ ဗိုလ်လုပွဲတွင် တရုတ်အမျိုးသမီးအသင်းက အိန္ဒိယအမျိုးသမီးအသင်းကို ပြတ်ပြတ်သားသားအနိုင်ယူမှုအဖြစ် ၄-၁ ဖြင့်အနိုင်ရရှိကာ တတိယမြောက် အာရှ အမျိုးသမီးဟော်ကီချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်နောက်ပိုင်း တရုတ်အမျိုးသမီးအသင်းအတွက် ပထမဆုံး အာရှဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအောင်မြင်မှုကြောင့် တရုတ်နိုင်ငံအသင်းသည် နှစ် ၄၀ သက်တမ်းရှိပြီဖြစ်သော ပြိုင်ပွဲသမိုင်း တစ်လျှောက် အောင်မြင်မှုအရှိဆုံးအသင်းများဖြစ်သည့် ချန်ပီယံဆု ၃ ကြိမ်ရထားသော တောင်ကိုရီး ယား၊ ဂျပန်အမျိုးသမီးအသင်းများနှင့်အတူ အောင်မြင်မှုအရှိဆုံးအသင်းလည်း ဖြစ်လာခဲ့သည်။
အိမ်ရှင်တရုတ်အသင်းသည် ဘယ်ဂျီယမ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံများတွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် အမျိုးသမီး FIH ဟော်ကီကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း လက်ရည်စစ်အောင်မြင်သွားခဲ့ပြီဖြစ်သည်။
အိန္ဒိယအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အိန္ဒိယဘက်မှ နက်ဗ်နိ (တ်) ကာရာက ပွဲစပြီးမကြာခင် ဦးဆောင်ဂိုးစသွင်းခဲ့သော်လည်း ပွဲချိန် ၂၁ မိနစ်၌ တရုတ်အသင်းခေါင်းဆောင် Ou Zixia က ချေပဂိုးပြန်သွင်းနိုင်ခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် Li Hong က ဦးဆောင်ဂိုးသွင်းယူကာ Zou Meirong နှင့် Zhong Jiaqi တို့က ဆက်တိုက်ဆိုသလို ဂိုးများသွင်းခဲ့သောကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲတွင် အကောင်းဆုံးကစားသမားဆုရခဲ့သော Li က “အနိုင်ရပြီး ချန်ပီယံပါဖြစ်ခဲ့လို့ ပျော်ရပါတယ်။ နောက်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယမန်နှစ်က ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရခဲ့သော တရုတ်အမျိုးသမီးဟော်ကီအသင်းသည် အုပ်စုတွင်း ပြိုင်ပွဲများအတွင်း ပွဲစဥ်အားလုံးအနိုင်ရကာ ပြီးပြည့်စုံသောမှတ်တမ်း Super 4s ဖြင့် ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၄ ရက် အစောပိုင်းက ကျင်းပခဲ့သောပွဲစဉ်၌ ဂျပန်အသင်းက တောင်ကိုရီးယားအသင်းကို ၂-၁ ဖြင့် အနိုင်ရကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
China clinches first women’s hockey Asia Cup title in 16 years
HANGZHOU, Sept. 14 (Xinhua) — China overpowered India 4-1 to win its third women’s hockey Asia Cup title, and its first since 2009, in Hangzhou on Sunday.
The victory sees China join South Korea and Japan as the tournament’s most decorated teams with three titles each in the event’s 40-year history. The hosts also secured qualification for the 2026 Women’s FIH Hockey World Cup in Belgium and the Netherlands.
India struck first through Navneet Kaur in the opening minute, but China captain Ou Zixia leveled the score in the 21st minute. Li Hong put China ahead in the 41st minute before Zou Meirong and Zhong Jiaqi netted in quick succession to seal the win.
“Happy for the win and the title. Hopefully we can achieve a good result at next year’s World Cup,” said Li, who was named player of the match.
Silver medalist at last year’s Paris Olympics, China maintained a perfect record across the group stage and the Super 4s to lift the trophy.
Earlier on Sunday, Japan defeated South Korea 2-1 to claim the bronze. ■
Photo:
Team China pose for a group photo after winning the women’s hockey semi-final match between China and Belgium in Colombes, France, Aug. 7, 2024. (Xinhua/Ren Pengfei)