Connect with us

Business

မြန်မာနိုင်ငံက ဧပြီလမှ ဩဂုတ်လအတွင်း ရေထွက်ကုန်ပစ္စည်း တန်ချိန် ၁၅၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပိတောက်ငါးဈေးရှိ ပုစွန်လက်ကားဆိုင်တစ်ဆိုင်တွင် ပုစွန်များကို ရွေးချယ်နေသော အလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမငါးလတာကာလအတွင်း ရေထွက်ကုန်ပစ္စည်း တန်ချိန် ၁၅၄,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော်ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။
ရေထွက်ကုန်စုစုပေါင်းမှ ၈၄,၇၉၅ တန်ကျော်ကို ရေကြောင်းနှင့် လေကြောင်းမှတစ်ဆင့် တင်ပို့ခဲ့ပြီး၊ တန်ချိန် ၆၉,၁၃၀ ကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။
ကိန်းကဏန်းများအရ လွန်ခဲ့သည့်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရေထွက်ကုန်တင်ပို့မှုသည် တန်ချိန် ၄၄,၈၈၀ ခန့် ကျဆင်းခဲ့ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် တရုတ်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ အသီးသီးတင်ပို့လျက်ရှိကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။ (Xinhua)
…………………….
(English Version)
Myanmar exports over 154,000 tons of fishery products in April-August
YANGON, Sept. 19 (Xinhua) — Myanmar exported over 154,000 tons of fishery products in the first five months from April to August of the current fiscal year 2025-2026, earning over 220 million U.S. dollars, according to the Department of Fisheries on Friday.
Of the total, over 84,795 tons were exported by sea and air, while over 69,130 tons were exported through border trade, an official from the department told Xinhua.
The figure represents a decline of about 44,880 tons compared with the same period of the previous fiscal year, she said.
The country exports fishery products to various destinations, including the Association of Southeast Asian Nations countries, China, Canada, India and Bangladesh, she added. ■