Connect with us

Business

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပုစွန်တန်ချိန်ပေါင်း ၁၆,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

ရွှေပိတောက်ငါးဈေးရှိ ပုစွန်လက်ကားဆိုင်တစ်ဆိုင်တွင် ပုစွန်များကို ရွေးချယ်နေသော အလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပုစွန်တန်ချိန်ပေါင်း ၁၆,၀၅၀ တန် တင်ပို့နိုင်ခဲ့ပြီး ယင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၆.၆၄၇ သန်း ဝင်ငွေရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဧပြီ ၁၉ ရက်တွင်ပြောသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်သည် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်ပြီး ၂၀၂၃ခုနှစ် မတ် ၃၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း တင်ပို့နိုင်ခဲ့သည့်ပုစွန်တန်ချိန် ၁၄,၁၁၆ နှင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်သည် ယခင်ဘဏ္ဍာနှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

ယင်းဘဏ္ဍာနှစ်အတွင်းမြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းမှတစ်ဆင့် ပုစွန်တန်ချိန် ၁၄,၉၂၉.၉၅ တန်တင်ပို့ နိုင်ခဲ့ပြီး နယ်စပ်မှတစ်ဆင့် ပုစွန်တန်ချိန်ပေါင်း ၁,၁၂၀.၈၁၈ တန်နီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပုစွန်များကို တရုတ်နိုင်ငံ အပါအဝင် ဩစတြေးလျနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့တင်ပို့နေရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ငါးနှင့်ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၆၅.၉၄၇ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးထုတ်ကုန်များ၊ တိရစ္ဆာန်ထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ ကျောက်မျက်ရတနာများ နှင့် သစ်တောထုတ်ကုန်များ၊ ကုန်ထုတ်ပစ္စည်းများကို နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117