Connect with us

China

တိုင်းရင်းသား သံစဉ်အသစ် – အလုပ်များသူ အစ်မကြီး မာ

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ထာချိန်မြို့ရှိ “မိတ်ဆွေဥယျာဉ်” တံခါးဝ၌ မိတ်ဆွေများအား ကြိုဆိုနေသော မာရှို့ဟွားအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)

ထာချိန် (ရှင်းကျန်း)၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မိတ်ဖွဲ့ရန် နှစ်သက်သူ အစ်မကြီး မာ၏ အမည်မှာ မာရှို့ဟွားဖြစ်ပြီး ယခုနှစ်တွင် အသက် ၆၀ ရှိပြီဖြစ်သည်။ ၎င်းသည် စကားပြောသည်နှင့် ယင်းဒေသတွင် မွေးဖွားကြီးပြင်းလာသည့် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ထာချိန်မြို့သူမှန်း သိသာသည်။ ၎င်းသည် ထာချိန်မြို့သူမြို့သားများသာ သီးသန့်ပိုင်ဆိုင်ထားသည့် တိုင်းရင်းသားလူမျိုးစုံပေါင်းစပ်ထားသည့် လေယူလေသိမ်းပင်ဖြစ်သည်။
အစ်မကြီး မာနှင့် အမျိုးသားဖြစ်သူတို့သည် ဇာတိကျေးရွာရှိ ခြံဝင်းလေးထဲတွင် မိမိကိုယ်တိုင် “မိတ်ဆွေဥယျာဉ်” အမည်ရ ကျေးလက်အပန်းဖြေစခန်း တည်ဆောက်ထားပြီး နေ့စဉ် ထိုနေရာတွင် ဒေသအသီးသီးမှ လာရောက်သော မိတ်ဆွေများကို ဧည့်ခံလျက်ရှိသည်။
အစ်မကြီး မာတို့ မိသားစုသည် တိုင်းရင်းသားလူမျိုပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မိသားစုဖြစ်သည်။ ထာအယ်လ်ချိုင့်ဝှမ်း မြောက်ဘက်အစွန်းရှိ ထာချိန်မြို့တွင် ဟန့်လူမျိုး၊ ကာဇက်လူမျိုး၊ ဝေဂါလူမျိုး စသည့် တိုင်းရင်းသားလူမျိုးစုပေါင်း ၂၀ ကျော် နေထိုင်လျက်ရှိပြီး လူဦးရေမှာ ၁၆၀,၀၀၀ ပင် မပြည့်ပေ။ အစ်မကြီး မာတို့ မိသားစုကဲ့သို့ တိုင်းရင်းသားလူမျိုးစုံသည့် မိသားစုများစွာ ရှိပေသည်။
မိတ်ဆွေများက တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်၍ “မိတ်ဆွေဥယျာဉ်” သို့ လာရောက်ကြရာ အစ်မကြီး မာက အားလုံးကို နေအိမ်အတွင်းဝင်ထိုင်ရန် ဧည့်ခံခဲ့သည်။ ဆွေမျိုးမိတ်သင်္ဂဟများက အာလာပသလ္လာပပြောဆိုရင်း အစ်မကြီးမာ၏ ကျွမ်းကျင်သော ဟင်းပွဲလက်ရာနှင့် ခြံဝင်းအတွင်း၌ သီးပွင့်သည့် လတ်ဆတ်သော သစ်သီးများကို မြည်းစမ်းသုံးဆောင်နေကြသည်။ အခန်းတွင်း၌လည်း ပျော်မြူးဖွယ် တေးသီချင်းသံများ ပျံ့လွင့်နေပြီး မတူညီသော တိုင်းရင်းသားလူမျိုး ဆွေမျိုးမိတ်ဆွေများက အခန်းတွင်း၌ အတူတကွ ကခုန်နေကြသည်။
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၌ တိုင်းရင်းသားလူမျိုး ၅၆ မျိုးသည် သလဲသီးစေ့လေးများအလား နီးကပ်စွာ ပွေ့ဖက်လျက်တည်ရှိနေကြပြီး ချိုမြိန်ကောင်းမွန်သော ဘဝကို အတူရေးခြယ်လျက်ရှိကြသည်။ အလုပ်များသူ အစ်မကြီး မာ၏ ခြံဝင်းလေးတွင်လည်း ပိုမိုများပြားသည့် မတူညီသော တိုင်းရင်းသားလူမျိုးမိတ်ဆွေများ လာရောက် စုစည်းကြတော့မည်ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ထာချိန်မြို့ရှိ “မိတ်ဆွေဥယျာဉ်” အတွင်း၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ မိတ်ဆွေများနှင့်အတူ လမ်းလျှောက်နေသော မာရှို့ဟွားအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
新华全媒+|潮涌新疆70年 民族新歌:忙人马大姐
新华社照片,塔城(新疆),2025年9月20日
好交朋友的马大姐名叫马秀花,今年60岁。她一开口便听得出来是土生土长的塔城人,这是一种塔城人独有的多民族融合口音。马大姐和丈夫一起在家乡的小院里一砖一瓦盖起了名为“朋友庄园”的农家乐,每天在这里招呼着各地往来的朋友。
马大姐家是一个由多民族组成的家庭。地处塔额盆地北缘的塔城,居住着汉族、哈萨克族、维吾尔族等20余个民族,人口不到16万。在这里,像马大姐家这样的多民族家庭不在少数。
朋友们穿着民族服饰来到“朋友庄园”,马大姐招呼大家进屋就坐。亲朋好友拉着家常,品尝着马大姐的拿手菜和小院里结的新鲜水果。房间里飘扬起欢快的歌声,不同民族的亲友们在房间里共舞。
在新疆,五十六个民族早已像石榴籽一样紧紧抱在一起,共同书写着火红甜蜜的日子。忙人马大姐的小院,也将迎来更多不同民族的朋友来此相聚。
1、9月17日,马秀花在“朋友庄园”门口迎接亲朋。 新华社记者 辛悦卫 摄
2、9月17日,马秀花和多民族亲朋一起走在“朋友庄园”。新华社记者 陈朔 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.