China
ဒုတိယအကြိမ် “ကြားနေမိတ်ဆွေအဖွဲ့” အဖွဲ့ဝင်နိုင်ငံ လွှတ်တော်အကြီးအကဲများ အစည်းအဝေးတွင် ကျောက်လဲ့ကျိ ဗီဒီယိုမိန့်ခွန်းပြောကြား

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် တာ့မင်နစ္စတန်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Dunyagozel Gulmanova ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၈ ရက်တွင် ဒုတိယအကြိမ် “ကြားနေမိတ်ဆွေအဖွဲ့” (Group of Friends of Neutrality) အဖွဲ့ဝင်နိုင်ငံ လွှတ်တော်အကြီးအကဲများ အစည်းအဝေးတက်ရောက်၍ ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။
ကျောက်လဲ့ကျိက “ကြားနေမိတ်ဆွေအဖွဲ့” ထူထောင်သည့် ၅ နှစ်ကျော်ကာလအတွင်း ကြားနေမူဝါဒကို အဓိကထားရန် အဆိုပြု၍ စိတ်တူကိုယ်တူနိုင်ငံများအတွက် နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရန်၊ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ ကျင့်သုံးရန် အကျိုးရှိသည့် ပလက်ဖောင်းတစ်ခု တည်ဆောက်ပေးလိုက်ကြောင်း၊ ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ လက်ရှိတွင် ကမ္ဘာကြီးသည် လှုပ်ခတ်ပြောင်းလဲမှု ကာလအသစ်သို့ ဝင်ရောက်လျက်ရှိပြီး ကုလသမဂ္ဂနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒများသည် လေဆန်များနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလဆန်းပိုင်း၌ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား အလေးအနက် အဆိုပြုခဲ့ပြီး အချုပ်အခြာအာဏာတန်းတူညီမျှမှုကို ကျင့်သုံးရန်၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လိုက်နာရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ဆောင်ရွက်ရန်၊ လူထုဗဟိုပြုချဉ်းကပ်မှုကို အားပေးထောက်ခံရန်နှင့် လှုပ်ရှားမှုဦးတည်ချက်ကို အလေးထားရန် အလေးထားပြောကြားခဲ့ရာ ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်မှုအား တွန်းအားပေးရန် ရည်ရွယ်ကြောင်း၊ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) ပြီးနောက် သမ္မတ ရှီကျင့်ဖိန်က ထပ်မံ အဆိုပြုသည့် နောက်ထပ်အရေးကြီး ကမ္ဘာလုံးဆိုင်ရာ အစီအမံတစ်ခုဖြစ်ရာ ဘက်အသီးသီး၏ ကျယ်ကျယ်ပြန့်ပြန့် အားပေးကြိုဆိုခြင်းခံရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်အစည်းအဝေးသည် “လွှတ်တော်များအကြား တွေ့ဆုံဆွေးနွေးမှု – ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် ယုံကြည်မှုကို အာမခံပေးသည့် အရေးကြီးနည်းလမ်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ အချိန်အခါနှင့် ကိုက်ညီပြီး အနက်အဓိပ္ပာယ် လေးနက်ကြာရှည်ကြောင်း၊ ဥပဒေပြုအဖွဲ့အစည်းများသည် တရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို တွန်းအားပေးရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်အတွက် အပြုသဘောဆောင်သည့် အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်ရန် တာဝန်ရှိကြောင်း ကျောက်လဲ့ကျိက ထောက်ပြ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် “ကြားနေမိတ်ဆွေအဖွဲ့” အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်အား အတူကျင့်သုံးခြင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံရေး ပြုပြင်ပြောင်းလဲခြင်း၊ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအား အခြေခံသည့် နိုင်ငံတကာစည်းစနစ်တို့အား အတူလက်တွဲ ကာကွယ်ထိန်းသိမ်းခြင်းတို့အား လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် တာ့မင်နစ္စတန်နိုင်ငံတို့သည် အပြန်အလှန်ယုံကြည်အားထားရသည့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ မကြာသေးမီက သမ္မတ Serdar Berdimuhamedov သည် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားအား တက်ရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများက ချစ်ကြည်ရင်းနှီးစွာဖလှယ်ခဲ့ကြပြီး နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံချက်အသစ် ရေးဆွဲပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တာ့မင်နစ္စတန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်အား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ ဘက်စုံထောင့်စုံ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-တာ့မင်နစ္စတန် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို တွန်းအားပေးသွားလိုကြောင်း ကျောက်လဲ့ကျိက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
赵乐际在“中立之友小组”成员国议会领导人第二次会议上发表视频致辞
新华社北京10月8日电 应土库曼斯坦国民会议主席古尔马诺娃邀请,全国人大常委会委员长赵乐际8日在“中立之友小组”成员国议会领导人第二次会议上发表视频致辞。
赵乐际表示,“中立之友小组”成立5年多来,以倡导中立政策为核心,为志同道合的国家搭建了一个增进理解互信、深化交流合作、践行多边主义的有益平台。今年是世界反法西斯战争胜利和联合国成立80周年。当前,世界进入新的动荡变革期,联合国和多边主义遭遇逆风。9月初,习近平主席郑重提出全球治理倡议,强调奉行主权平等、遵守国际法治、践行多边主义、倡导以人为本、注重行动导向,旨在推动构建更加公正合理的全球治理体系。这是继全球发展倡议、全球安全倡议、全球文明倡议之后,习近平主席提出的又一重大全球性倡议,受到各方普遍欢迎。
赵乐际指出,本次会议以“议会间对话——保障世界和平与信任的重要方式”为主题,恰逢其时,意义深远。立法机构有责任为推动公正合理的全球治理、构建人类命运共同体作出积极贡献。中方愿同“中立之友小组”成员国一道,共同践行四大全球倡议,加强团结合作,重振多边主义,改革完善全球治理,携手维护以联合国为核心的国际体系和以国际法为基础的国际秩序。
赵乐际表示,中国和土库曼斯坦是相互信赖的好朋友、好伙伴。前不久,别尔德穆哈梅多夫总统应邀来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动。两国元首进行了友好交流,为双边关系发展规划了新的蓝图。中方愿同土方一道,落实好两国元首重要共识,深化全方位互利合作,推动构建中土命运共同体。(完)
图说:10月8日,应土库曼斯坦国民会议主席古尔马诺娃邀请,全国人大常委会委员长赵乐际在“中立之友小组”成员国议会领导人第二次会议上发表视频致辞。 新华社记者 刘卫兵 摄