Connect with us

China

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းတွင် အကောက်ခွန်လွတ်ကုန်ပစ္စည်းအမျိုးအစားများ တိုးချဲ့မည်

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုရှိ အကောက်ခွန်လွတ်ဆိုင်တစ်ခုတွင် စျေးဝယ်နေသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်ဖြစ်သည့် ဟိုင်နန်တွင် အိမ်မွေးတိရစ္ဆာန်အသုံးအဆောင်ပစ္စည်းများနှင့် သယ်ဆောင်သွားနိုင်သောတူရိယာပစ္စည်းများကို အကောက်ခွန်လွတ်ကုန်ပစ္စည်းအသစ် အမျိုးအစားနှစ်မျိုး အဖြစ် ထပ်ပေါင်းထည့်လိုက်ခြင်းဖြင့် ကမ်းခြေအကောက်ခွန်လွတ်ကုန်ပစ္စည်းများ၏အတိုင်းအတာကို ပိုမို ကျယ်ပြန့် လာစေမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်က အများပြည်သူသို့ထုတ်ပြန်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ကြေညာချက်အရ ကုန်ပစ္စည်းအမျိုးအစားများ အုပ်စုပြန်ခွဲခြင်း သို့မဟုတ် အချို့သောထုတ်ကုန်များတွင် ပေါင်းထည့်ခြင်းများ ပြုလုပ်ရန် ချိန်ညှိမှုများလုပ်ဆောင်မည်ဖြစ်သည်။
အဆိုပါပစ္စည်းများတွင် သန့်ရှင်းရေးလုပ်ဆောင်ပေးသည့်စက်ရုပ်များ၊ ဖုန်စုပ်စက်များ၊ ဒစ်ဂျစ်တယ်ကင်မရာများ၊ ဗီဒီယိုကင်မရာများနှင့်ဆက်စပ်ပစ္စည်းများ၊ ဒရုန်းအသေးစားများ၊ ကွန်ပျူတာမောက်စ်များနှင့် ကွန်ပျူတာ ကီးဘုတ်များ ပါဝင်သည်။
ချိန်ညှိမှုများလုပ်ဆောင်ပြီးနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ပြီး ကြေညာချက်အရ ကမ်းခြေအကောက်ခွန်လွတ်ဆိုင်စျေးဝယ်ပစ္စည်းစာရင်းတွင် စုစုပေါင်း ကုန်ပစ္စည်း ၄၇ မျိုး အကျုံးဝင်မည် ဖြစ်သည်။ အဆိုပါ အကျိုးခံစားခွင့်ပြည့်မီသည့်မူဝါဒကိုလည်း အနည်းဆုံးအသက်အပိုင်းအခြား ၁၆ နှစ်မှ ၁၈ နှစ်သို့ ချိန်ညှိပြင်ဆင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဟိုင်နန်ကျွန်းသို့လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များသည် တစ်နှစ်လျှင် လူတစ်ဦးအတွက် ယွမ် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄,၀၉၅ ခန့်) ဖိုး အကောက်ခွန်လွတ် စျေးဝယ်ခွင့် ရရှိကြောင်းသိရသည်။
အဆိုပါပြည်နယ်တွင် နှစ်စဥ် လူတစ်ဦးအတွက် ယွမ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ တန်ဖိုးရှိသော အခွန်လွတ်စျေးဝယ်ခွင့် တိုးမြှင့်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစ၍ လွန်ခဲ့သည့် ၅နှစ်အတွင်း ကမ်းခြေအကောက်ခွန်လွတ်ဆိုင်များ၏ ရောင်းချမှုအားကောင်းခဲ့ကြောင်းသိရသည်။
စျေးဝယ်ခွင့်ပြုသည့်ပမာဏ ကြီးမားစွာ တိုးမြှင့်လိုက်သည့် ၂၀၂၀ ပြည့်နှစ် ပြီးခဲ့သည့် ၅ နှစ်တာနှင့် နှိုင်းယှဥ်လျှင် ရောင်းချမှုများနှင့်စျေးဝယ်သူအရေအတွက် ၃၁၅.၃ ရာခိုင်နှုန်းနှင့် ၁၂၃.၃ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ကြောင်း ဒေသအကောက်ခွန် အချက်အလက်များက ၂၀၂၅ ခုနှစ် ဇူလိုင်တွင် ထုတ်ဖော်ပြသခဲ့သည်။ (Xinhua)
…………………..
(English Version)
South China resort island to expand duty-free goods categories
BEIJING, Oct. 17 (Xinhua) — The island province of Hainan in south China will broaden the scope of its offshore duty-free goods by adding two new goods categories, namely pet supplies and portable musical instruments.
According to an announcement by the finance ministry, which was made public on Friday, other adjustments to the goods categories are also going to be made by regrouping or adding some products.
These products include sweeping robots, vacuum cleaners, digital photography and video equipment and accessories, mini drones, computer mice and keyboards.
After this adjustment, which will take effect on Nov. 1, 2025, the island’s offshore duty-free shopping list will cover a total of 47 goods categories, said the announcement, which also specified that the minimum age of those qualifying for the benefits of this policy will be adjusted from 16 to 18.
Currently, travelers visiting the island can enjoy a duty-free shopping quota of 100,000 yuan (about 14,095 U.S. dollars) per person each year.
The province has reported strong offshore duty-free sales over the past five years since raising its annual tax-free shopping quota from 30,000 yuan to 100,000 yuan per person on July 1, 2020.
Sales and the number of shoppers saw growth of 315.3 percent and 123.3 percent, respectively, compared with the five years prior to the major shopping quota increase in 2020, local customs data had revealed in July 2025.
Photo : Customers shop at a duty-free store in Haikou, south China’s Hainan Province, July 5, 2025. (Xinhua/Guo Cheng)