Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ အပစ်ရပ်သဘောတူညီချက် ရရှိမှုကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ အပစ်ရပ်သဘောတူညီချက် ရရှိမှုကို ကြိုဆိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံများက ယင်းအတွက် အကျိုးဆောင်မှုများကို တန်ဖိုးထားချီးကျူးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့၌ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ကာတာနိုင်ငံနှင့် တူကီယဲနိုင်ငံတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် ချက်ချင်း အပစ်ရပ်ရန် သဘောတူညီခဲ့ပြီး စဉ်ဆက်မပြတ် အပစ်အခတ်ရပ်စဲမှုအား သေချာစေရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်ဟု သတင်းဖော်ပြထားကြောင်း၊ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး Khawaja Asif ကလည်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် အပစ်ရပ်မှုကို အတည်ပြုခဲ့ပြီး နှစ်ဖက်က အောက်တိုဘာ ၂၅ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ထပ်မံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

ကောကျားခွန်းက ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် တရုတ်နိုင်ငံ၏ အစဉ်အလာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သလို ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည်လည်း ရွှေ့ပြောင်း၍မရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီချက် ရရှိမှုကို ကြိုဆိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံများက ယင်းအတွက် အကျိုးဆောင်မှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံတို့သည် ဆွေးနွေးညှိနှိုင်းမှုဖြင့် သဘောထားကွဲလွဲမှုများအား ဆက်လက် လျော်ကန်စွာစီမံခြင်း၊ ဘက်စုံ ရေရှည်အပစ်ရပ်မှု ဖော်ဆောင်ခြင်း၊ နှစ်နိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအား အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းကို စိတ်ရင်းစေတနာမှန်ဖြင့် မျှော်လင့်သလို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ပါကစ္စတန်-အာဖဂန်နစ္စတန် ဆက်ဆံရေး ကောင်းမွန်တိုးတက်လာရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်သွားလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
外交部:中方欢迎巴基斯坦和阿富汗达成停火协议
新华社北京10月20日电(记者董雪、邵艺博)外交部发言人郭嘉昆20日表示,中方欢迎巴基斯坦和阿富汗达成停火协议,赞赏有关国家为此所作贡献。
当日例行记者会上,有记者问:据报道,卡塔尔外交部19日发表声明表示,在卡塔尔和土耳其的斡旋下,巴基斯坦和阿富汗同意立即停火,并将继续会谈确保实现停火的可持续性。巴基斯坦国防部长阿西夫确认巴阿停火,并称双方将于25日在伊斯坦布尔再次会谈。中方对此有何评论?
郭嘉昆表示,巴基斯坦和阿富汗都是中国的传统友好邻邦,巴阿两国也是搬不走的邻居。中方欢迎巴阿两国达成停火协议,赞赏有关国家为此所作贡献,真诚希望并支持巴阿两国继续通过对话协商妥处分歧,实现全面持久停火,共同维护两国和本地区和平稳定。
“中方愿意同国际社会一道努力,继续为巴阿关系改善发展发挥建设性作用。”郭嘉昆说。(完)