Connect with us

Politics

မြန်မာနိုင်ငံ ရွေးကောက်ပွဲ အပြီး နောက်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆက်လက် ဖွံ့ဖြိုး တိုးတက်သွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ အထူး သံအမတ်ကြီး ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး မစ္စတာ ဆွန်ကော်ရှန် ဆင်ဟွာ သတင်းဌာန နှင့် အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သက်ဆိုင်ရာမှ ဖိတ်ကြားမှု အရ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရန် ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး မစ္စတာ ဆွန်ကော်ရှန် (Sun Gouxiang) သည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် အင်တာဗျူး ပြုလုပ် ခဲ့ရာတွင် မြန်မာ နိုင်ငံ ပြည်တွင်း နိုင်ငံရေး အခြေအနေ မည်သို့ ပြောင်းလဲ စေကာမူ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆက်လက် ဖွံ့ဖြိုးတိုးတက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆွန်ကော်ရှန် မှ တရုတ်-မြန်မာ နှစ်နိုင်ငံ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေးသည် နှစ်နိုင်ငံ အတွက် နှစ်ဦးနှစ်ဘက် အကျိုးရှိစေသော ဆက်ဆံရေး ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု၏ ဆန္ဒ နှင့်လည်း ကိုက်ညီကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် သံတမန် ဆက်ဆံရေး တည်ဆောက် ခဲ့သည် မှာ ၆၅ နှစ်ပြည့် ခဲ့ပြီ ဖြစ်ကြောင်း ၊ ယင်း ၆၅ နှစ်အတွင်း နိုင်ငံတကာ အခြေအနေ ၊ ဒေသတွင်း အခြေအနေနှင့် ပြည်တွင်း အခြေအနေ မည်သို့ ပြောင်းလဲ စေကာမူ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် ယုံကြည်မှု ထားရှိခြင်း ၊ အပြန်အလှန် လေးစားမှု ထားရှိခြင်းတို့ ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ကောင်းမွန်သည့် ဦးတည်ရာသို့ ဆောင်ရွက် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဆွန်ကော်ရှန်မှ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မြန်မာ နိုင်ငံအပေါ် မိတ်ဆွေ ဆက်ဆံရေး မူဝါဒ ကို ဆောင်ရွက် သွားမည်ဖြစ်ကာ အတတ်နိုင်ဆုံး မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် ကူညီ ထောက်ပံ့ ဆောင်ရွက်မှုများ ပြုလုပ်ကာ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှု ရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုလည်း အထူး ပြောကြား ခဲ့သည်။

ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ အထူး ကိုယ်စားလှယ် အနေဖြင့် မြန်မာ နိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် မြန်မာ နိုင်ငံတွင် အလွန်အတွက် ရေးကြီးသော ကိစ္စတစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ၏ မိတ်ဆွေကောင်း ၊ အိမ်နီးချင်းကောင်း ၊ သူငယ်ချင်းကောင်း နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ပြည်သူ လူထု၏ ရွေးချယ် ဆုံးဖြတ်မှုကို လေးစားသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ၊ မြန်မာ နိုင်ငံ၏ မိမိ နိုင်ငံ နှင့် သင့်လျှော်သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်း ခြင်းကို တရုတ် နိုင်ငံ အနေဖြင့် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နောက်ဆုံးတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး ဆွန်ကော်ရှန် မှ မြန်မာ နိုင်ငံ ၏ အထွေထွေ ရွေးကောက်ပွဲကြီးသည် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.