Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန်က စစ်တပ်လေ့ကျင့်မှု နှင့် စစ်ရေး ပြင်ဆင်မှုအား လိုက်လံ စစ်ဆေး

Z-10 ရဟတ်ယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးနေသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်ယန်း ၊ စက်တင်ဘာ ၃ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က စစ်ပွဲများတွင် အနိုင်ရရှိစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ထားရန် ၊ စစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်(CMC) ဥက္ကဋ္ဌ ဖြစ်သူ ရှီကျင့်ဖိန်က စက်တင်ဘာ ၂၇ ရက်က ကျရောက်သော တရုတ်နိုင်ငံပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ ၇၉ နှစ်မြောက် အုပ်စုလိုက် စစ်ရေးလေ့ကျင့်မှု အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှီသည် အုပ်စုလိုက် စစ်ရေးလေ့ကျင့်မှု၏ လေတပ် လေ့ကျင့်မှု စစ်မြေပြင်သို့သွားရောက် စစ်ဆေးခဲ့ပြီး အမိန့်နှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်း ၊ စစ်မြေပြင်မဟာဗျူဟာ နှင့် ခေတ်မီစစ်ဘက် လက်နက်ကိရိယာများ တီထွင်ဆန်းသစ်မှု အပိုင်းတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။အထူးဖန်တီးပြုလုပ်ထားသော လေတပ်သုံး ဦးထုတ်ကို ဆောင်းကာ သမ္မတရှီသည် တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသည့် တတိယမျိုးဆက် တိုက်ခိုက်ရေး Z-10 ရဟတ်ယာဉ်တစ်စင်းပေါ်သို့တက်ရောက် စစ်ဆေးခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်တွင် လေကြောင်းဗုံးကြဲစနစ် နှင့် ရည်မှန်းချက်ကို ထိမှန်စေမည့် တိုက်ခိုက်ရေးစနစ်များ တပ်ဆင်ထားကြောင်း သိရသည်။သတင်းအပြည့်အစုံဖတ်ရန် LINK – http://www.xinhuanet.com/english/2018-09/29/c_137502426.htm

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.