Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အတွေးအမြင် e-book စာအုပ်များ မိတ်ဆက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင်စာအုပ်ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာနှင့် ဆိုရှယ်လစ်စနစ်အကြောင်း ရေးသားထားသည့် သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင် e-book စာအုပ် ၁၁၁ အုပ် e-reading ပလက်ဖောင်း ၅ ခုတွင် မိတ်ဆက်ခဲ့ကြောင်း ထုတ်ဝေသူများက ပြောကြားခဲ့သည်။

အဆိုပါ စာအုပ်များအား People’s Publishing House နှင့် Central Party Literature Press အပါအဝင် ထုတ်ဝေသူ ၁၆ ဦးမှ စုစည်းထုတ်ဝေခြင်းဖြစ်ပြီး JD.com နှင့် Dangdang.com ပေါ်တွင် ဖတ်ရှုနိုင်ပြီဖြစ်သည်။

ယင်းစာအုပ်များအား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ရှီ၏ ရေးသားချက်များအပါအဝင် ၎င်း၏ မိန့်ခွန်းများအား မူရင်းအတိုင်း တိုက်ရိုက်ပုံနှိပ်ခြင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် သံတမန်ရေးရာများနှင့် အခြားနယ်ပယ်များအား လွှမ်းခြုံထားသည့် ဆက်စပ်အာဏာပိုင်များက စုစည်းထားသည့် ကောက်နုတ်ချက်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.