Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မော်လ်ဒိုက်နိုင်ငံ သမ္မတသစ်အဖြစ် ရွေးချယ်ခံရသည့် Ibrahim Mohamed Solih ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

မော်လ်ဒိုက်နိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံရသည့် Ibrahim Mohamed Solih အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မော်လ်ဒိုက်နိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံရသည့် Ibrahim Mohamed Solih ထံ စက်တင်ဘာလ ၃၀ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့သည် ကာလရှည်လျားသည့် ချစ်ကြည်ရင်းနှီးမှုရှိကြောင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူငါးချက်အပေါ် မော်လ်ဒိုက်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကတိပြုထားကြောင်း သဝဏ်လွှာတွင် ရှီက ပြောကြားထားသည်။

တရုတ်နိုင်ငံသည် မော်လ်ဒိုက်နိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေးနှင့် နှစ်နိုင်ငံ ပြည်သူများ ပို၍ ကောင်းမွန်သော အကျိုးကျေးဇူးရှိရန် နယ်ပယ်မျိုးစုံ၌ နက်ရှိုင်းသည့် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

တရုတ်-မော်လ်ဒိုက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား တန်ဖိုးမြင့်မားစွာ ထားကြောင်း၊ တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံအကြား ဘက်စုံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုရှိသော မိတ်ဖက်နိုင်ငံ ဆက်ဆံရေးအား အဆင့်သစ် မြှင့်တင်ရန် Solih နှင့်အတူ လက်တွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.