Connect with us

Politics, Law & Military

ကျပ် ၁၄၃ သန်းကျော် တန်ဖိုးရှိ တရားမဝင် ကုန်စည်များ ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများ၌ ဖမ်းဆီး ရမိ

ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းတွင် အောက်တိုဘာ ၂ ရက်က ဖမ်းဆီးရမိသော တရားမ၀င် ပစ္စည်း များအားတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း တားဆီးမှု ရှစ်မှုမှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄၃ ဒသမ ၄၁ သန်းကို အောက်တိုဘာ ၁၁ ရက်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထို တားဆီးမှု ရှစ်မှုတွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၉ ဒသမ ၉၃၂ သန်း)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၄၈ဝ သန်း)တို့ပါဝင်ကြောင်း သိရသည်။ထူးခြားဖမ်းဆီးမှုအနေဖြင့် အောက်တိုဘာ ၁၁ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေး အဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်စဉ် ရေပူရွာအနီး ၁၉၈ မိုင် ၁ ဖာလုံခန့်တွင် ရပ်တန့်ထားသောToyota Alphard ယာဉ်တစ်စီးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ယာဉ်၏ အောက်ကြမ်းခင်းတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသော တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော ကျောက်တုံးအပိုင်းအစ၊ ဖြတ်စဆိုဒ်စုံ ၅၄ဝ ကီလိုဂရမ်နှင့် ပစ္စည်းသယ်ဆောင်လာသော ယာဉ်တစ်စီး (စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂ သန်းခန့်)ကို စစ်ဆေး တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.