Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင်၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၂၅ဝဝကျော်ရှိခဲ့ပြီး လူဦးရေ ၅သိန်းကျော် ဘေး ဒုက္ခခံစားခဲ့ရ

အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၂၅ဝဝကျော်ရှိခဲ့ပြီး လူဦးရေ ၅သိန်းကျော် ဘေး ဒုက္ခခံစားခဲ့ရကြောင်း ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်း အနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ဘေးဖြစ်ပွားမှုများအတွက် ထောက်ပံ့မှုများ အပြင် ရေရှည်သဘာဝဘေးလျော့ပါးရေး အစီအမံများအတွက်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်းပေါင်း ၅၅၈၅ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ သဘာဝဘေးများ ကြောင့် ဆုံးရှုံးမှုများနှင့် ထောက်ပံ့မှုများအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် သုံးစွဲနိုင်ခဲ့ပါက ပြည်သူများ၏ဘ၀ တိုးတက်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂ဝ၁၇ခုနှစ်အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့်စီးပွားရေးကဏ္ဍဆုံးရှုံးမှုပမာဏ သည် ၂ဝ၁၆ခုနှစ်ကထက်၆၃ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် ဘေး အန္တရာယ်ကြောင့် စီးပွားရေးကဏ္ဍဆုံးရှုံးမှုနှင့်ပတ်သက်၍ ၁၉၉ဝခုနှစ်မှ ၂ဝ၁၈ခုနှစ်ကာလ အတွင်း ၂ဝ၁၁ ခုနှစ်သည်စီးပွားရေးအရထိခိုက်ဆုံးရှုံးမှု အမြင့်ဆုံးဖြစ်ပြီးဆုံးရှုံးမှု အမေ ရိကန်ဒေါ်လာဘီလီယံ ၄၀၀ ရှိခဲ့ကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ဘေးအန္တရာယ်များကြောင့် အာဆီယံဒေသ၏ စီးပွားရေးထိခိုက်ဆုံးရှုံးမှုသည် ကမ္ဘာ့ဘဏ်စာရင်းအင်း အချက်အလက်များအရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိရှိခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီ၏ သုည ဒသမ ၂ ရာခိုင်နှုန်းထက် ပိုမိုနေသည်ကိုတွေ့ရကြောင်း ၎င်းကဆိုသည်။၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်း အနားကို အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.