Connect with us

China

ထိုင်ဝမ်က တရုတ်နိုင်ငံပိုင်ဖြစ်သည့် သမိုင်းအဖြစ်မှန်နှင့် ဥပဒေအထောက်အထားများမှာ မေးခွန်းထုတ်ဖွယ်မရှိ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဝါဒီဖူးလ်တို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဝါဒီဖူးလ်နှင့် ဒီဇင်ဘာ ၈ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် သမိုင်းအဖြစ်မှန်နှင့် ဥပဒေအထောက်အထားများကို ဘက်စုံထောင့်စုံ ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိဂျပန်နိုင်ငံ၏အကြီးအကဲဖြစ်သူက မကြာသေးမီရက်ပိုင်းက ထိုင်ဝမ်အရေးကိစ္စရှိလျှင် ဂျပန်အနေဖြင့် လက်နက်အင်အားသုံးနိုင်သည်ဟူသော ယုတ္တိမတန်သောပြောဆိုချက်များကို ထုတ်ဖော်ပြောကြားခဲ့ရာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ဆိုးရွားစွာ ထိပါးခြင်း၊ ယနေ့ထိတိုင် တရုတ်နိုင်ငံအပေါ် ပြုထားသည့်ကတိကဝတ်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း၊ ဒုတိယကမ္ဘာစစ် အောင်နိုင်သည့်ရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို တိုက်ရိုက်စိန်ခေါ်ခြင်း ဖြစ်သလို အာရှသာမက ကမ္ဘာ၏ ငြိမ်းချမ်းရေးအပေါ်လည်း ဆိုးရွားသောအန္တရာယ်အလားအလာကို သယ်ဆောင်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ရှေးယခင်ကတည်းက တရုတ်နိုင်ငံ၏နယ်မြေပိုင်နက်ပင် ဖြစ်သည်ဟု ဝမ်ရိက အလေးထားပြောကြားခဲ့သည်။

၁၉၄၃ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-အမေရိကန်-ဗြိတိသျှတို့ ထုတ်ပြန်သည့် “ကိုင်ရိုကြေညာချက်” တွင် ဂျပန်သည် စစ်ပွဲပြီးနောက် ခိုးယူသိမ်းပိုက်ထားသော ထိုင်ဝမ် စသည့် တရုတ်နိုင်ငံ၏ နယ်မြေပိုက်နက်များကို တရုတ်နိုင်ငံထံ မုချမသွေ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း အတိအလင်း သတ်မှတ်ခဲ့သည်။

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် တရုတ်-အမေရိကန်-ဗြိတိသျှတို့အတူ လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စု ပါဝင်လာသည့် “ပေ့ါစ်ဒမ် ကြေညာချက်” အပိုဒ် ၈ တွင် “ကိုင်ရိုကြေညာချက်” ပါ အကြောင်းအရာများအား မုချမသွေဖော်ဆောင်ရမည် ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

၁၉၄၅ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် ဂျပန်စစ်ရှုံးခဲ့ရာ ဂျပန်ဘုရင်က “ပေါ့စ်ဒမ် ကြေညာချက်” ပါ သတ်မှတ်ချက်အသီးသီးကို သစ္စာရှိရှိ ဖော်ဆောင်မည်ဖြစ်ပြီး ခြွင်းချက်မရှိ လက်နက်ချကြောင်း ကတိကဝတ်ပြုခဲ့သည်။ အောက်တိုဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံအစိုးရက ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ ပြန်လည်ကျင့်သုံးကြောင်း ကြေညာခဲ့ပြီး တရုတ်နိုင်ငံ စစ်ဒေသကြီး ထိုင်ဝမ်ပြည်နယ်ရှိ ဂျပန်လက်နက်ချခြင်းအခမ်းအနားကို ထိုင်ပေတွင် ကျင်းပခဲ့သည်။

၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုပြည်သူ့အစိုးရသည် တရုတ်သမ္မတနိုင်ငံအစိုးရကို အစားထိုး၍ တရုတ်တစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်လာရာ ထိုင်ဝမ်အပါအဝင် နယ်မြေပိုင်နက်အားလုံးအပေါ် အချုပ်အခြာအာဏာကျင့်သုံးခွင့် အလိုအလျောက်ရှိသည်။

၁၉၇၁ ခုနှစ်တွင် ၂၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို အတည်ပြုပြီး ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခွင့်အရေးအားလုံးကို ပြန်လည်ပေးအပ်ရန်နှင့် ထိုင်ဝမ်အာဏာပိုင်၏ “ကိုယ်စားလှယ်များ” အား ကုလသမဂ္ဂမှ ချက်ချင်း နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ကုလသမဂ္ဂ၏ တရားဝင်ဥပဒေဆိုင်ရာ ထင်မြင်ချက်သဘောထားတွင် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုပင်ဖြစ်သည်ဟု အတည်ပြုထားသည်။

၁၉၇၂ ခုနှစ် “တရုတ်-ဂျပန် ပူးတွဲကြေညာချက်” တွင် ဂျပန်အစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို တရုတ်တစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံနယ်မြေပိုင်နက်၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော တရုတ်နိုင်ငံအစိုးရ၏ ဤရပ်တည်ချက်ကို အပြည့်အဝ နားလည်လေးစားကြောင်း၊ “ပေါ့စ်ဒမ် ကြေညာချက်” အပိုဒ် ၈ ၏ ရပ်တည်ချက်ကို ခိုင်မာစွာ လေးစားလိုက်နာမည်ဟု ကတိပြုကြောင်း သတ်မှတ်ထားသည်။

၁၉၇၈ ခုနှစ် “တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး စာချုပ်” တွင် “တရုတ်-ဂျပန် ပူးတွဲကြေညာချက်” ၌ ဖော်ပြသည့် အခြေခံမူ အကြောင်းအရာအသီးသီးကို တင်းကျပ်စွာ လေးစားလိုက်နာသင့်ကြောင်း” အတိအလင်း ရေးသားဖော်ပြခဲ့သည်။

အဆိုပါ သံမဏိပမာ ခိုင်မာမြဲမြံသည့် အဖြစ်မှန်များက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ပင်ဖြစ်ကြောင်းကို နိုင်ငံရေး၊ ဥပဒေအထောက်အထားများမှ အပြည့်အဝ သက်သေပြလျက်ပြီး ထိုင်ဝမ်၏အနေအထားကို “သော့ခုနစ်ထပ် ခတ်နှိပ်” ထားပြီး ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ “ထိုင်ဝမ်ခွဲထွက်ရေး” ကို ကြံစည်ကြိုးပမ်းခြင်းက တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ကို ပိုင်းခြားခြင်းပင် ဖြစ်သလို “ထိုင်ဝမ်ခွဲထွက်ရေး” ကို ထောက်ခံခြင်းက တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းပင်ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏အခြေခံဥပဒေကို ချိုးဖောက်ရုံသာမက နိုင်ငံတကာဥပဒေကိုပါ ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ စစ်ရှုံးနိုင်ငံဖြစ်သည့် ဂျပန်အနေဖြင့် အထူးပင် လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ကာ သတိကြီးစွာ ပြောဆိုပြုမူသင့်ကြောင်း၊ သို့သော် ထိုင်ဝမ်အား နှစ်ပေါင်း ၅၀ ကိုလိုနီပြု၍ တရုတ်ပြည်သူများအပေါ် ရာဇဝတ်မှုအထပ်ထပ်ကျူးလွန်ခဲ့ဖူးသည့် အဆိုပါနိုင်ငံနှင့် ၎င်းနိုင်ငံ၏လက်ရှိအကြီးအကဲကိုကပင် ထိုင်ဝမ်ကို အသုံးချ၍ ပြဿနာဖန်တီးလိုခြင်း၊ တရုတ်နိုင်ငံအပေါ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ရန် ကြံစည်ကြိုးပမ်းလိုခြင်းမှာ လုံးဝဥဿုံလက်သင့်ခံဖွယ်မရှိကြောင်း၊ တရုတ်ပြည်သူများနှင့် ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးကြသည့် ပြည်သူများအားလုံးသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိသလို ဂျပန်၏ နောက်ထပ်တစ်ဖန် စစ်ရေးအသွင်ပြောင်းမှုသာမက စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြံစည်အားထုတ်သည့်လောဘကို ကာကွယ်တားဆီးရန် ဝတ္တရားရှိကြကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဝါဒီဖူးလ်တို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————
(Chinese Version)
台湾属于中国的史实和法理不容置疑
新华社北京12月9日电 12月8日,中共中央政治局委员、外交部长王毅在北京同德国外长瓦德富尔会谈时就台湾问题的历史事实和法理经纬作了全面阐述。
王毅表示,日本现职领导人日前竟然发出台湾有事日本就可以使用武力的荒谬言论,严重侵犯中国的主权和领土完整,公然违背迄今对中方所做的承诺,直接挑战二战胜利成果和战后国际秩序,也对亚洲乃至世界和平带来严重隐患。
王毅强调,台湾自古以来就是中国领土。
1943年12月,中美英发表《开罗宣言》明确规定,日本战后必须将所窃取于中国之领土台湾等归还中国。
1945年7月,中美英共同签署、后来苏联参加的《波茨坦公告》第八条规定,《开罗宣言》之条件必将实施。
1945年8月15日日本战败,日本天皇承诺忠实履行《波茨坦公告》各项规定并无条件投降。10月25日,中国政府宣布恢复对台湾行使主权,并在台北举行中国战区台湾省受降仪式。
1949年中华人民共和国中央人民政府取代中华民国政府成为代表全中国的唯一合法政府,自然对包括台湾在内的全部领土行使主权。
1971年第26届联大通过2758号决议,决定恢复中华人民共和国在联合国的一切权利,并立即将台湾当局的“代表”从联合国驱逐出去。联合国的官方法律意见确定,台湾就是中国的一个省。
1972年《中日联合声明》规定,日本国政府承认中华人民共和国政府是代表全中国的唯一合法政府,充分理解和尊重中国政府关于台湾是中国领土不可分割的一部分这一立场,承诺坚持遵循《波茨坦公告》第八条的立场。
1978年《中日和平友好条约》确认,《中日联合声明》所表明的各项原则应予严格遵守。
王毅说,以上一系列铁的事实从政治上、法理上充分证明台湾就是中国领土,台湾的地位已经被“七重锁定”。图谋“台独”就是分裂中国领土,支持“台独”就是干涉中国内政,既违反中国宪法,又违反国际法。
王毅说,今年是中国人民抗日战争胜利80周年。日本作为战败国,尤应深刻反省,谨言慎行。但恰恰是这个曾经殖民台湾50年、对中国人民犯下累累罪行的国家,其现职领导人竟然想借台湾生事,企图向中国发出武力威胁,是可忍孰不可忍。中国人民和世界上一切爱好和平的人民,都有责任维护联合国宪章宗旨和原则,都有义务阻止日本再军事化甚至企图复活军国主义的野心。(完)
1. 12月8日,中共中央政治局委员、外交部长王毅在北京同德国外长瓦德富尔举行会谈。 新华社记者 戴天放 摄