Politics
မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြား
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
မကြာမီရက်ပိုင်းတွင် အမေရိကန်က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ လက်နက်ပမာဏ အများအပြား ရောင်းချမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ဒီဇင်ဘာ ၃၁ ရက်တွင် ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာခဲ့ရာ အမေရိကန်အနေဖြင့် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်သည့်ကြေညာချက်ကို အလေးထားလိုက်နာသင့်ကြောင်း၊ ယင်းကြေညာချက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်ဟူ၍လည်းကောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူ၍လည်းကောင်း အတိအလင်းအသိအမှတ်ပြုထားကြောင်း
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ယခင်ကတည်းက ထောက်ခံခဲ့သလို ယခုအချိန်အထိ မပြောင်းလဲဘဲ တစ်သမတ်တည်း ရပ်တည်ထောက်ခံလျက် ရှိကြောင်း ဇော်မင်းထွန်းက အလေးထားပြောကြားခဲ့သည်။
“ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်၊ ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ပြည်တွင်းအရေးသာ ဖြစ်ပါတယ်”၊ မည်သည့် နိုင်ငံခြားတိုင်းပြည်၏ ဝင်ရောက်စွက်ဖက်မှုကိုမဆို မြန်မာနိုင်ငံအနေဖြင့် ရှုတ်ချကြောင်း ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
မျက်မှောက်ကမ္ဘာသည် တစ်သီးပုဂ္ဂလနိုင်ငံများက လိုသလို ဗိုလ်ကျစိုးမိုးသည့် ခေတ်ကာလမဟုတ်တော့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းသည် ဗဟုဝင်ရိုးပုံစံသို့ ပြောင်းလဲလာပြီဖြစ်ရာ ကြီးနိုင်ငယ်ညှဉ်း ဗိုလ်ကျစိုးမိုးမှုများ မရှိသင့်ကြောင်း ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
缅甸政府重申坚定支持一个中国原则
新华社仰光12月31日电(记者张东强 黎广滔)针对近日美国宣布向中国台湾地区大规模出售武器一事,缅甸国防与安全委员会新闻发布组组长佐敏吞12月31日在接受新华社记者采访时表示,美国应恪守中美建交公报,该公报明确承认中华人民共和国政府是中国的唯一合法政府,台湾是中国的一部分。
佐敏吞重申,缅甸一贯坚定支持一个中国原则,过去如此,现在依然坚定不移。佐敏吞表示,“台湾是中国的一部分,台湾问题纯属中国内政”,缅甸谴责任何外部势力干涉。
佐敏吞表示,当今世界早已不是任由个别国家推行霸权的时代,国际社会正朝着多极化方向发展,恃强凌弱的霸权行径不应有立足之地。(完)
