Videos
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းဆင်ဟွာသတင်းဋ္ဌာနအင်တာဗျူးဖြေကြားခဲ့
နေပြည်တော်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အစိုးရသစ် လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေသည် စိုးရိမ် ပူပန်စရာမရှိဘဲ ပိုမို ကောင်းမွန်လာ နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုဝင်ဘာလ (၁၈)ရက်နေ့ ဆင်ဟွာ သတင်းဌာန၏ သီးသန့် တွေ့ဆုံ မေးမြန်းမှုတွင် ပြောကြားသည်။
တရုတ်-မြန်မာ ဆက်ဆံရေးသည် ယခင်ထဲက ကောင်းမွန်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထား ရှိသော သဘောထားသည် အချုပ်အခြာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို အလေးထားခြင်း၊ မြန်မာ့ နိုင်ငံရေးကို ဝင်ရောက် မစွက်ဖက်ခြင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက် စေလိုသည့် ဆန္ဒရှိခြင်း စသည့် စိတ်ကောင်းများကြောင့် မည့်သည့် အစိုးရ တက်တက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးက ပိုကောင်းလာမည် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက တရုတ် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံရာတွင် ယခုထက် ပိုမို ပွင့်လင်း မြင်သာစွာ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်လျှင် ရင်းနှီး မြှုပ်နှံမှု ပိုမို ကောင်းမွန် လာနိုင်ကြောင်း၊ ပိုးလမ်းမကြီးသည် ကောင်းမွန်သော မူဝါဒ စီမံကိန်း ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု အတွက် ပိုမို ကောင်းမွန်စေကြောင်း သုံးသပ် ပြောကြားသည်။
ဆက်လက်ပြီး ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းမှုတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက လက်ရှိ အနိုင်ရပါတီ အာဏာ လွှဲပြောင်းပေးမှု အပေါ် ပြည်သူများ စိုးရိမ်မှုနှင့် ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါသည်။ (Xinhua)