Connect with us

China

တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အသစ်များ၏ ခန့်အပ်လွှာအား ရှီကျင့်ဖိန် လက်ခံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အသစ် ၁၈ ဦး၏ သံအမတ်ခန့်အပ်လွှာအား လက်ခံပြီးနောက် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၆ ရက်က ပေကျင်းမြို့တွင် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အသစ် ၁၈ ဦး၏ သံအမတ်ခန့်အပ်လွှာများအား လက်ခံခဲ့သည်။

သံအမတ်များအား မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က ယနေ့ကမ္ဘာကြီးသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိသလို နိုင်ငံတကာအခင်းအကျင်းသည်လည်း လျင်မြန်စွာ အသွင်အမျိုးမျိုးပြောင်းလဲလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ပိုမိုထင်ရှားလာကြောင်း ထောက်ပြပြောကြားခဲ့သည်။

ကွဲပြားမှု၊ ထိပ်တိုက်ရင်ဆိုင်မှုနှင့် သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်မှုသည် အနာဂတ်မရှိကြောင်း၊ ကမ္ဘာကို ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်းသို့ ပြန်လည်ရောက်ရှိစေခြင်းသည် ပြည်သူများ၏ ဆန္ဒမဟုတ်ကြောင်း၊ တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကသာ တစ်ခုတည်းသော မှန်ကန်သည့်ရွေးချယ်မှုဖြစ်ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။ (Xinhua)

———————
(English Version)
Xi receives credentials of new ambassadors to China
BEIJING, Jan. 16 (Xinhua) — Chinese President Xi Jinping received the credentials of 18 new ambassadors to China in Beijing on Friday.
Addressing the envoys, Xi noted that the world today is undergoing accelerating changes on a scale rarely seen in a century, with the international landscape beset by transformation and turbulence, and global challenges becoming more prominent.
Division, confrontation and zero-sum games have no future, and returning the world to the law of the jungle is not what people want to see, Xi said, adding that global solidarity and cooperation are the only right choices. ■
1. Chinese President Xi Jinping delivers a speech after receiving the credentials of 18 new ambassadors to China at the Great Hall of the People in Beijing, capital of China, Jan. 16, 2026. (Xinhua/Huang Jingwen)