Connect with us

North America

အမေရိကန် နိုင်ငံ ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယား နိုင်ငံ တွင် အရပ်သား ၈ ဦး သေဆုံး

အမေရိကန် နိုင်ငံ ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဆီးရီးယား နိုင်ငံသား များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ က ဒီဇင်ဘာ ၇ ရက် ၌ IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ခဲ့ရာ တွင် ဆီးရီးယား နိုင်ငံ အရပ်သား ၈ ဦး သေဆုံးခဲ့ရပြီး ဒေသတွင်း ရှိ တစ်ခုတည်းသော ဆေးရုံ ပျက်စီးသွား ခဲ့ရကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ သိရှိရသည်။

သတင်းဖော်ပြချက် အရ မဟာမိတ်တပ်ဖွဲ့ က ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းအချိန်တွင် Deir ez-Zor ပြည်နယ် ရွာတစ်ရွာ ရှိ အရပ်သား နေအိမ်များစွာ အား ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ၊ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး များစွာ ဒဏ်ရာရရှိခဲ့ရကြောင်း ၊ ဒီဇင်ဘာ ၇ ရက် ညပိုင်းအချိန်တွင် မဟာမိတ် တပ်ဖွဲ့ က ဒေသတွင်းရှိ တစ်ခုတည်းသော ဆေးရုံအား ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လတ်တလောရက်ပိုင်းတွင် ဆီးရီးယား Kurd လက်နက်ကိုင် တပ်ဖွဲ့ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်မတော် က ဆီးရီးယား တောင်ပိုင်းရှိ IS အစွန်းရောက် တပ်ဖွဲ့၏ နောက်ဆုံး ထိန်းချုပ်ထားသော နယ်မြေအား စစ်ဆင်ရေး အသစ်များ ဆောင်ရွက်ခဲ့ပြီး ယင်းဆောင်ရွက်မှုအား ထောက်ခံရန် အတွက် မဟာမိတ် တပ်ဖွဲ့က ယင်းဒေသ တွင် ဗုံးကြဲတိုက်ခိုက်မှုများအား တိုးမြှင့် ဆောင်ရွက်ခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ်လ တွင် အမေရိကန် နိုင်ငံ က အီရတ် နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ များအား ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ တွင် ဗုံးကြဲတိုက်ခိုက်မှု အား ဆီးရီးယား နိုင်ငံ အထိ တိုးချဲ့ဆောင်ရွက်ကာ မဟာမိတ် တပ်ဖွဲ့ အား ဦးဆောင်၍ ဖွဲ့စည်း ခဲ့သည်။ ဆီးရီးယား နိုင်ငံ အစိုးရ အနေဖြင့် အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ခွင့်ပြုချက် ကို ရယူခဲ့ခြင်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်မှု က အရပ်သား များစွာ သေဆုံးစေခဲ့ကြောင်း ဝေဖန် ခဲ့သည်။(Xinhua)