Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် Hamas အဆင့်မြင့် အရာရှိအများအပြား သေဆုံး

အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမြို့ရှိ အဆောက်အဦ တစ်လုံး မေ ၁၂ ရက်က ပြိုကျသွားသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ မေ ၁၃ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ ဟားမက်စ် (Hamas) က ၎င်းတို့လက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Qassam တပ်ဖွဲ့၏ အဆင့်မြင့်ညွှန်ကြားမှုအရာရှိများစွာသည် မေလ ၁၂ ရက်နံနက်ပိုင်းအချိန်တွင် ဂါဇာဒေသ၌ အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးသွားခဲ့ရကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မေ ၁၂ ရက်ညပိုင်းအချိန်တွင် ဂါဇာမြို့ရှိ အဆောက်အဦ တစ်လုံး ပေါက်ကွဲသွားစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံက ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ Khan Yunis မြို့တွင် ပါလက်စတိုင်းလူမျိုးများက ပျက်စီးမှုအခြေအနေကို ကြည့်ရှုနေစဉ်(ဆင်ဟွာ)

Hamas ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အစ္စရေးနိုင်ငံတပ်ဖွဲ့အနေဖြင့် မေလ ၁၂ ရက် နံနက်ပိုင်းအချိန်တွင် ဂါဇာဒေသသို့ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှုများဆောင်ရွက်ခဲ့သောကြောင့် Qassam တပ်ဖွဲ့၏ အဆင့်မြင့်ညွှန်ကြားမှုအရာရှိများ သေဆုံးခဲ့ရကြောင်း ၊ သေဆုံးခဲ့ရသူများအနက် Qassam တပ်ဖွဲ့၏ ဂါဇာမြို့ တပ်မှူး Bassam Issa လည်းပါဝင်ကြောင်း သိရှိခဲ့ရသည်။

အစ္စရေးနိုင်ငံ မှ သတင်းအချက်အလတ်များအရ အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ နှင့် အမျိုးသား လုံခြုံရေးဌာနတို့က ပူးပေါင်း၍ မေလ ၁၂ ရက်၌ ဂါဇာမြို့ နှင့် တောင်ပိုင်းရှိ Khan Yunis မြို့တွင် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြောင်း ၊ စစ်ဆင်ရေးအတွင်း Qassam တပ်ဖွဲ့၏ ဂါဇာမြို့ နှင့် Khan Yunis မြို့ တို့၏ တပ်မှူးများ ဗုံးဆံထိမှန်ခဲ့ကြကြောင်း ၊ ထို့ပြင် အင်တာနက် ၊ သတင်းအချက်အလက် ၊ လုံခြုံရေး နှင့် ဒုံးကျည်လုပ်ငန်းစဉ် စသည်တို့ကို တာဝန်ယူထားသည့် အဆင့်မြင့်ညွှန်ကြားမှုအရာရှိ ၁၆ ဦးကိုလည်း ဗုံးကြဲရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၀ ရက် မှ ၁၂ ရက်အထိ အစ္စရေးနိုင်ငံ နှင့် ဂါဇာဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့ကြား ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ဂါဇာဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်အစင်းပေါင်း ၁,၀၀၀ ကျော်ကို ပစ်လွှတ်ခဲ့သောကြောင့် အစ္စရေးနိုင်ငံမှ လူ ၆ ဦးသေဆုံးခဲ့ရပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးနိုင်ငံ အနေဖြင့် ချက်ချင်း လက်တုံ့ပြန်မှုပြန်လည်ဆောင်ရွက်ခဲ့ပြီး ဂါဇာဒေအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့၏ ရာနှင့်ချီသော ပစ်မှတ်တို့အား ဗုံးကြဲတိုက်ခိုက်မှုပြန်လည်ဆောင်ရွက်ခဲ့သည်။ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အစ္စရေးနိုင်ငံ၏ မေလ ၁၀ ရက်မှ ၁၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဘက်တွင် လူပေါင်း ၆၅ ဦးသေဆုံးခဲ့ရပြီး လူပေါင်း ၃၆၅ ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများအနက် ၁၆ ဦးမှာ ကလေးငယ်များ ဖြစ်ကြကြောင်း ဆိုသည်။

Ramadan ဥပုသ်လ စတင်ချိန်မှစ၍ ပါလက်စတိုင်း နှင့် အစ္စရေး နိုင်ငံအကြား ပဋိပက္ခများက ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ယခင်အပတ်တွင် တင်းမာမှုအခြေအနေက ပိုမိုမြင့်တက်လာခဲ့သည်။ မေလ ၁၀ ရက်တွင် ပါလက်စတိုင်း ပြည်သူများနှင့် အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့ဝင်တို့က ဂျေရုဆလင်တွင် ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။  (Xinhua)

အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမြို့ရှိ အဆောက်အဦ တစ်လုံး မေ ၁၂ ရက်က ပြိုကျသွားသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)———————————–

(Chinese Version)

(国际)以色列空袭致哈马斯多名高级指挥官死亡

2021-05-13 03:18:04 分类: 政治法律

新华社加沙5月12日电(记者熊思浩)巴勒斯坦伊斯兰抵抗运动(哈马斯)12日证实,哈马斯下属武装派别卡桑旅多名高级指挥官当天凌晨在以色列对加沙地带的空袭中死亡。

哈马斯在一份声明中说,以色列军队当天凌晨对加沙地带发动猛烈空袭,造成多名卡桑旅高级指挥官死亡,其中包括卡桑旅在加沙市的司令巴塞姆•伊萨。

另据以色列方面消息,以国防军和国家安全总局当天联合在加沙市和南部汗尤尼斯市等地开展定点清除行动,炸死卡桑旅在加沙市和汗尤尼斯市的司令,以及负责网络、情报、安全和火箭工程等的16名高级指挥官。

5月10日至12日,以色列与加沙地带武装爆发严重冲突。加沙地带武装人员向以方发射1000余枚火箭弹,造成以色列方面6人死亡、100多人受伤。以军随即展开报复行动,空袭加沙地带武装组织数百个目标。加沙地带卫生部门发言人阿什拉夫•齐德拉说,以军10日至12日的空袭共造成巴方65人死亡、365人受伤,死者中有16名儿童。

自斋月以来,巴以双方冲突事件持续发生,特别是上周末以来,紧张局势有所加剧。5月10日,巴勒斯坦民众与以色列警察再度在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)爆发严重冲突,300余人受伤。(完)

 

Photo

1. 5月12日,加沙城一处建筑在以色列空袭中倒塌,现场升腾起浓烟。新华社发(里泽克•阿卜杜勒•贾瓦德摄)

2. 5月12日午夜前后,加沙城一处建筑在以色列空袭中发生爆炸。  新华社发(亚西尔摄)

3.    5月12日,巴勒斯坦人在加沙地带南部汗尤尼斯查看以色列空袭造成的破坏情况。    新华社发(哈利德•奥马尔摄)

  • အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမြို့ရှိ အဆောက်အဦ တစ်လုံး မေ ၁၂ ရက်က ပြိုကျသွားသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

  • အစ္စရေးနိုင်ငံက ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ Khan Yunis မြို့တွင် ပါလက်စတိုင်းလူမျိုးများက ပျက်စီးမှုအခြေအနေကို ကြည့်ရှုနေစဉ်(ဆင်ဟွာ)