Connect with us

Asia

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်က တရုတ်ဘာသာဖြင့် မြင်းနှစ် နှစ်ကူးပွဲတော်အတွက် ဆုမွန်ကောင်းတောင်းပေး

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင်နှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျန်းကျန့်ဝေ့တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်သည် ထိုင်းဝန်ကြီးချုပ်ရုံးတွင် “နွေဦးပွဲတော် ဆင်နွှဲပျော်” အခမ်းအနားသို့ ဖေဖော်ဝါရီ ၁၀ ရက်က တက်ရောက်ခဲ့ရာ တရုတ်ဘာသာဖြင့် မြင်းနှစ် နှစ်ကူးပွဲတော်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ယင်းနေ့တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ မြင်းနှစ် “နွေဦးပွဲတော် ဆင်နွှဲပျော်” အကြောင်းအရာ နောက်ခံမြင်ကွင်းကားချပ်ကို တပ်ဆင်ထားသလို ထိုင်းဒေသခံခြင်္သေ့အကအဖွဲ့က သိုက်မြိုက်စွာ ဖျော်ဖြေမှုကြောင့် အခမ်းအနားတွင် စည်စည်ကားကား နှစ်သစ်မင်္ဂလာအငွေ့အသက်များ ပြည့်နှက်လျက်ရှိသည်။ အခမ်းအနားတွင် အနူတင်က “မြင်းနှစ်တွင် အောင်မြင်ပါစေ၊ ချမ်းသာကြွယ်ဝပါစေ၊ ကျန်းမာပါစေ” ဟု တရုတ်ဘာသာစကားဖြင့် မြင်းနှစ်အတွက် နှစ်ကူးဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် ကြိုဆိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျန့်ဝေ့က အနူတင်အား “မင်္ဂလာမြင်းရုပ်” အား လက်ဆောင်ပေးခဲ့ပြီး နွေဦးပွဲတော်သည် တရုတ်-ထိုင်း နှစ်နိုင်ငံပြည်သူများ၏ အတူတကွပွဲတော်ဖြစ်ပြီး ထိုင်းနိုင်ငံနယ်ပယ်အသီး၏ အထူးနှစ်ခြိုက်ခြင်းခံရကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့ကျင်းပသောအခမ်းအနားသို့ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး Phipat Ratchakitprakarn ၊ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) အကြီးအကဲ Thapanee Kiatphaibool စသည်တို့လည်း တက်ရောက်ခဲ့သည်။ (Xinhua)
——————
(Chinese Version)
泰国看守总理阿努廷用中文送上马年祝福
新华社曼谷2月11日电(记者常天童)泰国看守总理阿努廷10日在参加“欢乐春节”走进泰国总理府活动时用中文送上马年祝福。
当天,泰国总理府设置了马年“欢乐春节”主题背景板,泰国当地舞狮助兴,现场气氛喜气洋洋、年味浓郁。阿努廷在活动上用中文词语送上马年祝福:“马到成功、恭喜发财、身体健康。”他还表示,欢迎更多中国游客到泰国旅游。
中国驻泰国大使张建卫向阿努廷赠送“吉祥马”,并表示春节是中泰人民的共同节日,深受泰国各界喜爱。
泰国看守副总理兼交通部长披帕、泰国国家旅游局局长塔帕妮等参加了当天的活动。(完)
1. 2025年10月17日,泰国总理兼内政部长阿努廷(中右)在位于曼谷的总理府与中国驻泰国大使张建卫举行会见。新华社记者 孙玮彤 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.