Connect with us

China

ထိုင်ဝမ်အရေးကို အမေရိကန်ဘက်က အထူးသတိထားစွာ ကိုင်တွယ်သင့်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးကို အထူးသတိထားစွာ ကိုင်တွယ်သင့်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ရေးနှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို လက်တွေ့လှုပ်ရှားမှုဖြင့် ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက မတ် ၂၆ ရက် ကာကွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက အမေရိကန်-ဂျပန် နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုရလဒ် စာရွက်စာတမ်းတွင် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးမှာ မရှိမဖြစ် လိုအပ်သည်ဟု ထပ်မံဖော်ပြခဲ့ကြောင်း၊ သို့သော် သတင်းများအရ အမေရိကန်အနေဖြင့် ခေတ်ရှေ့ပြေး ကြားဖြတ်ဒုံးကျည်များ အပါအဝင်ဖြစ်သော စက်လက်နက်ကြီးများအား ထိုင်ဝမ်သို့ ရောင်းချရေး အစီအစဉ်တစ်ရပ်ကို ခွင့်ပြုချက်ပေးရန်အတွက် အမေရိကန်သမ္မတ ထရမ့်ကို တင်ပြရန်စီစဉ်ထားပြီး ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အပြီးတွင် လက်မှတ်ထိုးနိုင်ဖွယ်ရှိသည်ဟု သိရကြောင်း၊ ထို့အပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို အမေရိကန် လက်နက်ရောင်းချတဲ့အပေါ် တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်တဲ့ ရပ်တည်ချက်က အစဉ်တစိုက် ပြတ်ပြတ်သားသားရှိတယ်” ဟု ကျန်ပင်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို လက်နက်ရောင်းချသည့် ပြဿနာ၏ အထူး အကဲဆတ်မှုနှင့် ပြင်းထန်သည့်အန္တရာယ်ကို အပြည့်အဝ ရှင်းရှင်းလင်းလင်း သိထားသင့်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်ကို ခိုင်ခိုင်မာမာ လိုက်နာစောင့်ထိန်းကာ ထိုင်ဝမ်အရေးကို ကိုင်တွယ်ရာတွင် အထူးသတိထားသင့်သလို တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ရေးနှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို လက်တွေ့လှုပ်ရှားမှုဖြင့် ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ပြည်မကြီးက “ထိုင်ဝမ်ကို တိုက်ခိုက်” မည့် အချိန်အပေါ် အမေရိကန်က ပုံကြီးချဲ့ဖော်ပြမှုနှင့် စပ်လျဉ်း၍ မေးမြန်းမှုများကို ဖြေကြားရာတွင် ကျန်ပင်းက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာဖြစ်သလို မည်သို့ဖြေရှင်းရန်မှာ တရုတ်လူမျိုးများ၏ ကိုယ်ပိုင်ကိစ္စသာဖြစ်ပြီး မည်သည့်ပြည်ပစွက်ဖက်မှုကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးရပ်ကို လိုက်နာစောင့်ထိန်းဖို့၊ ထိုင်ဝမ်အရေးမှာ ပြောဆိုပြုမူမှုတွေကို သတိထားဖို့၊ ‘ထိုင်ဝမ်ခွဲထွက်ရေး’ အင်အားစုကို မှားယွင်းတဲ့ သတင်းစကားပါးမှုကို ရပ်တန့်ဖို့၊ နှစ်နိုင်ငံ၊ စစ်တပ်နှစ်ရပ် ဆက်ဆံရေးရဲ့ အခင်းအကျင်းကြီးကို လက်တွေ့လှုပ်ရှားမှုနဲ့ ကာကွယ်ထိန်းသိမ်းဖို့ ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်” ဟု ကျန်ပင်းက ပြောကြားခဲ့သည်။

“ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်၊ တရုတ်နိုင်ငံက နောက်ဆုံး ပေါင်းစည်းမှာဖြစ်သလို မုချမသွေပေါင်းစည်းမှာလည်း ဖြစ်တယ်။ ဒါက ဘယ်သူ၊ ဘယ်အင်အားစုကမှ တားဆီးလို့မရတဲ့ သမိုင်းရေစီးကြောင်း ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးအလားအလာကို ရရှိဖို့ အကြီးမားဆုံးသော စိတ်ရင်းအမှန်ဖြင့် အစွမ်းကုန် ကြိုးပမ်းလိုပါတယ်။ ဒါပေမဲ့ လက်နက်အင်အားမသုံးဘူးလို့ လုံးဝဥဿုံ တထစ်ချပြောလို့ မရဘူး” ဟု ကျန်ပင်းက ပြောကြားခဲ့သည်။
“ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများ အနီရောင်စည်းကို ကျော်ဖြတ်ဝံ့ပါက မိုးကြိုးပစ်သည့်ပမာ ပြင်းထန်သည့် တုံ့ပြန်မှုကို မုချမသွေခံရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
国防部:美方应慎之又慎处理台湾问题
新华社北京3月26日电(记者王春涛)国防部新闻发言人蒋斌26日在国防部例行记者会上表示,美方应慎之又慎处理台湾问题,以实际行动维护中美关系稳定发展,维护台海和平稳定。
有记者问,美日领导人会谈成果文件再度提及台海和平稳定不可或缺,但据报道,美国一项包含先进拦截导弹的对台大型军售案拟呈交美国总统特朗普批准,或于特朗普访华后签署。请问对此有何评论?
“中方反对美国向中国台湾地区出售武器的立场是一贯、明确的。”蒋斌表示,美方应充分认清对台军售问题的高度敏感性和严重危害性,切实恪守一个中国原则和中美三个联合公报,慎之又慎处理台湾问题,以实际行动维护中美关系稳定发展,维护台海和平稳定。
在回答有关美方炒作大陆“攻台”时间的提问时,蒋斌表示,台湾问题纯属中国内政,如何解决完全是中国人自己的事,不容任何外来干涉。
“我们敦促美方恪守一个中国原则和中美三个联合公报,在台湾问题上谨言慎行,停止向‘台独’分裂势力发出错误信号,以实际行动维护两国两军关系大局。”蒋斌说。
“台湾是中国的一部分,中国终将统一也必将统一,这是任何人、任何势力都无法阻挡的历史大势。我们愿以最大诚意、尽最大努力争取和平统一的前景,但决不承诺放弃使用武力。”蒋斌表示,“台独”分裂势力若胆敢突破红线,必遭雷霆重击。(完)