Connect with us

North America

အီရန်၌ ပစ်ချခံခဲ့ရသည့် F-15E တိုက်လေယာဉ်ပေါ်မှ အမှုထမ်းနှစ်ဦးစလုံးကို ကယ်တင်နိုင်ပြီဖြစ်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုင်ငံအား မိန့်ခွန်းပြောနေပုံကို ဗီဒီယိုမှ စခရင်ရှော့ယူထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်/တီဟီရန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ၌ ပစ်ချခံခဲ့ရသည့် F-15E တိုက်လေယာဉ်ပေါ်မှ အမှုထမ်းနှစ်ဦးစလုံးကို နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန်လုပ်ဆောင်ပြီးနောက် ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ဧပြီ ၅ ရက်၌ မီဒီယာများကို ပြောကြားခဲ့သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း Truth Social ပလက်ဖောင်း၌ အဆိုပါ အခြေအနေနှင့်ပတ်သက်၍ အတည်ပြုခဲ့ကြောင်း သိရသည်။ကယ်တင်ထားသည့် ဒုတိယမြောက် လေသူရဲမှာ ဒဏ်ရာရရှိထားသော်လည်း “ဘေးမသီရန်မခရှိနေ” သည်ဟု ထရမ့်က ပြောသည်။ အဆိုပါလေယာဉ်မှာ ဧပြီ ၃ ရက်က အီရန်နိုင်ငံ တောင်ပိုင်းတွင် ပစ်ချခံရခြင်းဖြစ်ကာ အစောပိုင်းတွင် လေသူရဲတစ်ဦးကို ပြန်လည်တွေ့ရှိခဲ့သော်လည်း ကျန်ရှိနေသည့် ဒုတိယမြောက် လေသူရဲကို အမေရိကန်ဘက်ကရော အီရန်တပ်ဖွဲ့ဝင်များကပါ လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။အဆိုပါ ကယ်ဆယ်ရေးအစီအစဉ် နှစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးခဲ့ခြင်း မရှိဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ကမူ ရှာဖွေရေးမစ်ရှင်၌ ပါဝင်သည့် အမေရိကန် လေယာဉ်တစ်စင်းကိုပါ ပစ်ချနိုင်ခဲ့သည်ဟု ပြောကြားထားကြောင်း အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွှယ်သည့် တက်စ်နင် (Tasnim) သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
………………………………………………
(English Version)
Both crew members from downed F-15E in Iran rescued
WASHINGTON/TEHRAN, April 5 (Xinhua) — Both crew members from a downed F-15E in Iran have been recovered after a “heavy firefight,” U.S. officials told media on Sunday, with President Donald Trump confirming the development on his Truth Social platform.
The second rescued pilot is injured but remains “safe and sound,” Trump said.
The aircraft had been downed earlier Friday in southern Iran. One crew member was recovered earlier, while both U.S. and Iranian forces had been searching for the second.
Trump added that no U.S. service members were killed or wounded during the two rescue operations.
Meanwhile, Iran’s Islamic Revolutionary Guard Corps said a U.S. aircraft involved in the search mission was also downed, according to the semi-official Tasnim news agency
English Caption
This video snapshot shows U.S. President Donald Trump giving an address to the nation at the White House in Washington, D.C., the United States, April 1, 2026. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.