Connect with us

Myanmar

မြန်မာ့ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံပိုင် ကုန်တင်ရေယာဉ်ကြီးတစ်စီးပေါ်မှ ပြင်းထန်ဒဏ်ရာရရှိပြီး အရေးပေါ်ဆေးကုသရန်လိုအပ်လျက်ရှိသော ရေယာဉ်အမှုထမ်းအား တပ်မတော် (ရေ) မှ ကူညီကယ်ဆယ်

တပ်မတော် (ရေ) ၏ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တရုတ်နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ ဒဏ်ရာရလူနာအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးစဉ် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏အနောက်မြောက်ဘက် ၆၉ မိုင်ခန့်အကွာ၌ တရုတ်နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ အရေးပေါ်ဆေးကုသရန်လိုအပ်လျက်ရှိသော ရေယာဉ်အမှုထမ်းတစ်ဦးကို တပ်မတော် (ရေ) မှ ကူညီကယ်ဆယ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ မေ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံပိုင်း CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ ဒဏ်ရာရလူနာအား စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏အနောက်မြောက်ဘက် ၆၉ မိုင်ခန့်အကွာ၌ အိန္ဒိယနိုင်ငံ၊ Dhamra Port မှ တရုတ်နိုင်ငံသို့ထွက်ခွာလာသော တရုတ်နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ ရေယာဉ်အမှုထမ်းတစ်ဦးသည် မေ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍ စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသရန် လိုအပ်ကြောင်း MRCC မှတစ်ဆင့် အကူအညီတောင်းခံလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော် (ရေ) မှ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်တစ်စီးသည် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါကုန်တင်ရေယာဉ်ကြီးရှိရာ နေရာသို့ သွားရောက်ခဲ့ရာ ဒဏ်ရာရလူနာ တရုတ်လူမျိုး Mr. TAN BIN အမည်ရှိ ရေယာဉ်အမှုထမ်းအား ဆေးကုသမှုခံယူနိုင်ရန် စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်၍ လူနာအား ကနဦးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့၍ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လိုအပ်သော ဆေးအကာအကွယ်ပေးမှုများအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117