China
ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးအတွက် တရုတ်နှင့် ဗီယက်နမ် ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အရည်အသွေးမြင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်၍ ဗျူဟာမြောက်အရေးပါမှုကိုဖော်ဆောင်မည့် ပိုမိုအဆင့်မြင့်မားသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁၅ ရက်က ပြောကြားခဲ့သည်။
ရှီက တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်သည် တိုလမ်အနေဖြင့် ယခုလဆန်းပိုင်းတွင် ဗီယက်နမ်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရပြီးချိန်မှစ၍ ပထမဆုံး ပြည်ပနိုင်ငံခရီးစဉ်လည်း ဖြစ်သည်။
ထိုခရီးစဉ်မှာ အရှေ့တောင်အာရှနိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသို့ ရှီ၏ သမိုင်းဝင်ခရီးစဉ်ပြီးနောက် တစ်နှစ်အကြာ၌ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260415/257520ca987e4664ab80293065adb653/c.html

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်တို့ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ လက်ဆွဲနှုတ်ဆက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………….
(English Version)
Chinese, Vietnamese top leaders hold talks on advancing wide-ranging cooperation
BEIJING, April 15 (Xinhua) — China will advance high-quality comprehensive strategic cooperation with Vietnam, and accelerate the building of a higher-level China-Vietnam community with a shared future that carries strategic significance, General Secretary of the Communist Party of China (CPC) Central Committee and Chinese President Xi Jinping said on Wednesday.Xi made the remarks when holding talks with General Secretary of the Communist Party of
Vietnam (CPV) Central Committee and Vietnamese President To Lam, who is on a state visit to China.This marks the first foreign trip Lam made since being elected president of Vietnam earlier this month. The trip also comes a year after Xi’s historic visit to the Southeast Asian country.
https://english.news.cn/20260415/257520ca987e4664ab80293065adb653/c.html
Photo 1: General Secretary of the Communist Party of China Central Committee and Chinese President Xi Jinping and his wife Peng Liyuan pose for a group photo with General Secretary of the Communist Party of Vietnam Central Committee and Vietnamese President To Lam and his wife Ngo Phuong Ly prior to the talks between Xi and To Lam in Beijing, capital of China, April 15, 2026. (Xinhua/Huang Jingwen)
Photo 2: General Secretary of the Communist Party of China Central Committee and Chinese President Xi Jinping holds talks with General Secretary of the Communist Party of Vietnam Central Committee and Vietnamese President To Lam, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, April 15, 2026. (Xinhua/Shen Hong)
Photo 3: General Secretary of the Communist Party of China Central Committee and Chinese President Xi Jinping shakes hands with General Secretary of the Communist Party of Vietnam Central Committee and Vietnamese President To Lam in Beijing, capital of China, April 15, 2026. (Xinhua/Zhai Jianlan)
