Connect with us

Social

ငမိုးရိပ်ချောင်းကမ်းပါး နေရာများအား အပန်းဖြေနေရာများအဖြစ် တည်ဆောက်နိုင်ရန် လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူနိုင်ရေးစီစဉ်

ငမိုးရိပ်ချောင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ငမိုးရိပ်ချောင်းကမ်းပါး နေရာများအား အများပြည်သူ အနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဘဏ္ဍာငွေလျာထား၍ အတည်ပြုချက် ရယူနိုင်ရေး စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ငမိုးရိပ်ချောင်း ကမ်းပါးနေရာများအား အများပြည်သူ အနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် စီမံဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော် အတွင်းရှိ ငမိုးရိပ်ချောင်း ကမ်းပါးနေရာများအား အများပြည်သူ အနားယူ အပန်းဖြေ နိုင်တဲ့ နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ လက်ရှိအခြေအနေမှာ မြေပြင်ကွင်းဆင်း စိစစ် ခြင်းများ၊ ဆွေးနွေး ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ဆက်လက် ဆောင်ရွက်နေပါတယ်။ ယင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သို့ ဘဏ္ဍာငွေ လျာထားပြီးတော့ အဆိုပြုတင်ပြ အတည်ပြုချက် ရယူ ဆောင်ရွက်နိုင်ရေးကို စီစဉ်လျှက်ရှိပါ တယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.