Connect with us

Social

လက်ရှိ နိုင်ငံ့ဝန်ထမ်း ပင်စင် စနစ်အား ရန်ပုံငွေကို အခြေခံ၍ ခံစား ခွင့်ပြုသည့် စနစ်သို့ ပြောင်းလဲရန် ဆောင်ရွက် မည်ဟုဆို

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ ပထမ အကြိမ် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

ရေရှည် တည်တံ့ ခိုင်မြဲသည့် အမျိုးသား ပင်စင်စနစ် ဖြစ်ပေါ် လာစေရန် နှင့် နိုင်ငံတော် ဘတ်ဂျက်မှ သုံးစွဲ ရမှုကို ရေရှည် ခံနိုင်စွမ်း ရှိစေရန် အတွက် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်အား အခြားသော ကမ္ဘာ့နိုင်ငံများ နည်းတူ ရန်ပုံငွေကို အခြေခံ၍ ခံစားခွင့်ပြုသည့်စနစ်သို့ပြောင်းလဲရန် ဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကို ထူထောင်၍ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အဆိုပါ ရန်ပုံငွေနှင့် စပ်လျဉ်း၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေ၊ ဆောင်ရွက်မည့်မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို အချိန်ကာလနှင့် သတ်မှတ်ရေးဆွဲ ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၎င်းက နေပြည်တော်၌ မတ် ၈ ရက်တွင် ပြုလုပ်သော ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်သည် နိုင်ငံတော်ဘတ်ဂျက်မှ တိုက်ရိုက်ကျခံ သုံးစွဲသော ရန်ပုံငွေ ထူထောင် ထားခြင်း မရှိသည့် သတ်မှတ်အကျိုးခံစားခွင့်စနစ် ဖြစ်ကြောင်း ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ပင်စင်စနစ်ဖြစ်ပေါ် လာရေး အတွက် ရန်ပုံငွေကို အခြေခံခွင့်ပြုသည့် စနစ်သို့ပြောင်းလဲရန် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ထူထောင်၍ အနာဂတ်တွင် ပုဂ္ဂလိကဝန်ထမ်းများကိုပါ လွှမ်းခြုံနိုင်မည့် အမျိုးသားပင်စင်စနစ်ကို မျှော်မှန်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ ပင်စင်အသုံးစရိတ်သည် GDP ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံတော်အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော် စုစုပေါင်း အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ်သုံံးစွဲလျက်ရှိကြောင်း သိရသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီကို နိုင်ငံတော် တွင် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး နှင့် လစဉ် ပင်စင် ထောက်ပံ့နိုင်ရေး တို့အတွက် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၁၉) ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117