Connect with us

Social

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပန်းခြံနှင့် အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက်ရှိသည့် ပန်းခြံနှင့် အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေးနှစ် အလိုက် အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျှက် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေးကို ယနေ့၊ နံနက် (၁၀) နာရီက ကျင်းပခဲ့ရာ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်မြို့တော် အတွင်း မြို့နယ်အလိုက် လူဦးရေနှင့်အညီ Public Area ၊ ပန်းခြံများ ၊ လူသွားလမ်းများ၊ စက်ဘီးစီးရန်လမ်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို သိလိုပါကြောင်း မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော်ရဲ့ လက်ရှိလူဦးရေ တည်ရှိမှုအရ လူတစ်ဦးချင်းစီရဲ့ စိမ်းလန်းမြေ ဧရိယာဟာ (၅.၀၂) စတုရန်းပေပဲ ရှိပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက် ရှိတဲ့ ပန်းခြံနဲ့ အားကစားကွင်းတွေ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် အရှိန်အဟုန်မြှင့်ပြီး တော့လည်း ဆက်လက် ဆောင်ရွက်နေပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာအဆင့်မီ မြို့တော်ကြီးဖြစ်လာစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ အကောင်အ ထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲဆောင်ရွက်လျက် ရှိသော ပန်းခြံ(၆၁)ခုနှင့် ကစားကွင်း(၁၁၈)ခု ရှိကြောင်း ရန်ကုန်မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.