Connect with us

Politics, Law & Military

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရန် ကျန်ငွေကို ၂၀၁၆ ခုနှစ် မတ်လ အထိ အရစ်ကျ ပေးသွင်းမည်

ရန်ကုန်မြို့ မြို့တော်ခန်းမ အားတွေ့ရရှိ (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာလ ၇ ရက် (ဆင်ဟွာ)

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့် ကျန်ငွေအား ၂၀၁၆ ခုနှစ် မတ်လအထိ အရစ်ကျ ပေးသွင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည့် ကျပ် ၅၄၀ .၁၁၈ သန်းအနက် နိုဝင်ဘာ ၆ ရက် အထိ ကျပ် ၄၀၅ . ၆၉၅ သန်း ပြန်လည် ပေးသွင်းခဲ့ပြီး ကျပ် ၁၃၄ .၄၂၃ သန်း ပေးသွင်းရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း၊ ပြန်လည်ပေးသွင်း ရမည့်ငွေ ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းရင်း များတွင် အကျိုးတူ လုပ်ငန်းများ၊ အောင်မင်္ဂလာ အဝေးပြေး စခန်းအကျိုးတူ လုပ်ငန်း၊ လူကူး ခုံးကျော်တံတား သုံးစင်း တည်ဆောက်ခြင်းနှင့် တိုက်ခန်း ရောင်းချမှုများမှ စာချုပ်ပါ သတ်မှတ်ရက် အတိုင်း ပေးသွင်းမှု မရှိခြင်း စသည်တို့ ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အပြီးသတ် လျာထားငွေ၊ ခွင့်ပြုငွေသည် ကျပ်သန်း ၂၆၃,၅၇၂. ၁၀၉ ဖြစ်ပြီး အမှန်ရငွေ၊ သုံးစွဲငွေသည် ကျပ် ၂၅၂,၁၇၈ .၈၀၃ သန်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန၊ ဈေးများဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ဌာန၊ ခရိုင်ရုံးများ၊ ထုတ်လုပ်ရေး ဌာနနှင့် မြို့တော် ဂေါက်ကွင်း၊ အခွန်ဌာန၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) နှင့် အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား) တို့မှ စုစုပေါင်း ပြန်လည် ပေးသွင်းရမည့် ငွေကျပ် ၅၄၀ .၁၁၈ သန်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.