Connect with us

Politics, Law & Military

ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၈ သိန်း အထိ တင်ပို့ထားပြီးဟုဆို

မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော ပဲများအား သန့်စင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ပြည်ပ သို့ ပဲမျိုးစုံ တန်ချိန် ၈ သိန်း အထိ တင်ပို့ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲနှမ်းအသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပဲတင်ပို့မှုသည် ယခင် နှစ်ထက် တန်ချိန် ၁ သိန်းဝန်းကျင် ပိုမိုတင်ပို့ ထားနိုင်ကြောင်း ၎င်းကဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစပိုင်း ဧပြီ မှ နိုဝင်ဘာလ ကုန်ပိုင်းအထိ ပြည်ပ ပဲတင်ပို့မှု တွင် အိန္ဒိယနိုင်ငံ မှ ပဲဝယ်လိုအား ဆက်တိုက်မြင့် တက်လာခဲ့မှုကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံ တင်ပို့မှုမှာ တန်ချိန် ၈ သိန်းခန့် ရှိနေပြီဖြစ်သည်။

လက်ရှိ ပြည်တွင်း ပဲဈေးကွက် ၌ မတ်ပဲ တစ်တန်လျှင် ကျပ်၂၃ သိန်း၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၈ သိန်း နှင့် ပဲတီစိမ်း တစ်တန်လျှင် ကျပ် ၁၄ သိန်းအထိ ပေါက်ဈေး ရှိကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု တန်ချိန် ၇ သိန်းခန့် ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် အပြီးသတ် ပဲတင်ပို့မှု ပမာဏမှာ လာမည့် နှစ်ဆန်းပိုင်း ပဲပေါ်ချိန် ၏ ရာသီဥတု ပေါ်မူတည် ၍ တန်ချိန် ၁၄ သိန်းအထိ ပြည်ပသို့ တင်ပို့မှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ပဲနှမ်းအသင်းထံ
မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.