Connect with us

Africa & Middle East

ရုရှား နိုင်ငံ အနေဖြင့် လေယာဉ်ပစ် ဒုံးကျည် များဖြင့် ခြိမ်းခြောက်ပြသမှု များပြုလုပ် ခဲ့ခြင်းအပေါ်တူရကီနိုင်ငံ ရုရှား နိုင်ငံ သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ

တူရကီနိုင်ငံ ရေပိုင်နက်အတွင်း ဖြတ်သန်းသွားသော ရုရှားစစ်သင်္ဘော မှ စစ်မှုထမ်းတစ်ဦးက လေယာဉ်ပစ် ဒုံးကျည်ကိုင်ဆောင်၍ ခြိမ်းခြောက်သရုပ်ပြနေစဉ် (ဆင်ဟွာ)

အန်ကာလာ ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဒီဇင်ဘာ ၇ ရက်တွင် တူရကီ နိုင်ငံ ဆိုင်ရာ ရုရှား သံအမတ်ကြီး အား ခေါ်ယူ တွေ့ဆုံ ခဲ့ပြီး ရုရှား နိုင်ငံ ရေတပ်မှ စစ်မှုထမ်းတစ်ဦး အနေဖြင့် ရုရှား နိုင်ငံ စစ်သင်္ဘောမှ တစ်ဆင့် တူရကီ နိုင်ငံ İstanbul Boğazı ပင်လယ်ကွေ့ကို ဖြတ်သန်း သွားချိန်တွင် မြေပြင် မှ ဝေဟင်ပေါ်ရှိ လေယာဉ် မျာအား ပစ်ချ နိုင်သည့် ဒုံးကျည် ကိုင်ဆောင်၍ သရုပ်ပြမှု များဆောင်ရွက်သည်ကို ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တူရကီ နိုင်ငံခြားရေး ဝန်ကြီး မှလည်း မီဒီယာ များနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့သော ရန်လိုသည့် ဆောင်ရွက်မှုများကို ရုရှား နိုင်ငံ အနေဖြင့် ရပ်တန့်သွားရန် လိုအပ်ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် နိုင်ငံ တကာဥပဒေ ကို လိုက်နာသွားမည် ဖြစ်ပြီး ရုရှား နိုင်ငံ စစ်သင်္ဘောမှ တူရကီ နိုင်ငံ ရေပိုင်နက် ဖြတ်သန်း သွားသည်ကိုလည်း ခွင့်ပြုပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရုရှား နိုင်ငံ မှ Su-24 တိုက်လေယာဉ်သည် တူရကီ နိုင်ငံ ၏ F-16 တိုက်လေယာဉ် ၏ ပစ်ခတ်မှု ကြောင့် ပျက်ကျ သွားခဲ့ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေမှာ တင်းမာ မှု များ အဆက်မပြတ် တိုးမြင့်လာ ခဲ့သည်။ ရုရှား နိုင်ငံ သမ္မတ ပူတင် မှလည်း တူရကီ နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု များဆောင်ရွက်ရန် အမိန့်ချမှတ်ခဲ့သည့် အပြင် ရုရှား နိုင်ငံ ၏ အဆင့်မြင့်ဆုံးသော လေကြောင်း ကာကွယ်ရေး ဒုံးကျည် စနစ်များကိုလည်း ဆီးရီးယား နိုင်ငံတွင် ပိုမို ဖြန့်ကြက်ထား ခဲ့သည့်အပြင် ဗုံးကြဲလေယာဉ် များတွင်လည်း ဝေဟင် မှ ဝေဟင်ပစ် ဒုံးကျဉ်များ စတင်တပ်ဆင် စေခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.