Connect with us

Africa & Middle East

ကိုင်ရို ရှိ ညကလပ် တစ်ခုတွင် ဓါတ်ဆီပုလင်းဗုံး ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦးသေဆုံး

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကိုင်ရိုမြို့ ညကလပ် အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာလ ၄ ရက် (ဆင်ဟွာ)

ကိုင်ရိုမြို့ရှိ ညကလပ် တစ်ခုတွင် ဒီဇင်ဘာလ ၄ ရက်က ဓါတ်ဆီပုလင်းဗုံး ပေါက်ကွဲမှုမှ အစပြု၍ မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း အီဂျစ် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ပြောကြားခဲ့သည်။

ဓါတ်ဆီပုလင်း ဗုံးဖြင့် တိုက်ခိုက်မှုသည် ညကလပ် ဝန်ထမ်း နှင့် ညကလပ်သို့ ဝင်ရောက်ရန် တားမြစ်ထားသည့် လူငယ်အုပ်စု တို့ အငြင်းပွားရာမှ စတင်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစောပိုင်း နိုင်ငံပိုင် သတင်းဋ္ဌာန MENA ၏ ပေးပို့ချက်အရ လူသုံးယောက်သည် မော်တော်ဆိုင်ကယ် ကို စီးနင်းလာပြီး ကိုင်ရို မြောက်ပိုင်း အဂူဇာ ခရိုင်ရှိ ညကလပ် အတွင်းသို့ ဓါတ်ဆီပုလင်းဗုံးဖြင့် ပစ်ပြီး ထွက်ပြေးသွားကြောင်း သိရှိရသည်။

မီးလောင်မှုသည် ညကလပ်အတွင်းရှိ စားသောက်ဆိုင်နှင့် တွဲလျက်ရှိသည့် ဒစ်စကို ခန်းမတွင် စတင် ဖြစ်ပွားခဲ့ပြီး ရုပ်သံ ထုတ်လွှင့်မှုများ အရ အမည်းရောင် မီးခိုးလုံးများသည် စားသောက်ဆိုင် တံခါးကို ဖြတ်၍ ဝင်ရောက်လာကြောင်း သိရသည်။

သေဆုံးသူ အားလုံးသည် ညကလပ် ဝန်ထမ်းများဖြစ်ပြီး မီးလောင်မှု နှင့် မီးခိုး မွှန်မှုကြောင့် သေဆုံးခဲ့ကြ ကြောင်း နိုင်ငံပိုင်သတင်း ဋ္ဌာန Nile TV ၏ ပြောကြားချက်အရ သိရသည်။

မီးသတ်သမားများသည် မီးလောင်မှုအား ငြိမ်းသတ်နိုင်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်သူများ အား ဖမ်းဆီးနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.