Connect with us

Politics, Law & Military

အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများနှင့်ပတ်သက်၍ ထိရောက်စွာ စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထုတ်ပြန်

နိုင်ငံတော်သမ္မတရုံး ၏ သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

၎င်းသတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် သက်ကြီးရွယ်အိုများ၊ နာတာရှည်ကျန်းမာရေးမကောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များ၊ မသန်စွမ်းများ စသည့် အကျဉ်းသား၊ အကျဉ်းသူများအား၊ ရွေးချယ်ရေးမူဝါဒ နှင့် စိစစ်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

နိုင်ငံတော်သမ္မတ ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကို အကြောင်းပြု၍ မေ လ ၈ ရက် နေ့တွင် ကလေးအကျဉ်းထောင် နှင့် ဘားအံအကျဉ်းထောင်များတွင်လည်းကောင်း၊ မေလ ၉ ရက်နေ့တွင် ရွှေဘိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ထားဝယ်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင် နှင့် ပုသိမ်အကျဉ်းထောင်များတွင်လည်းကောင်း ဆူပူမှုများဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအကျဉ်းထောင်ဆူပူမှုများ တွင် အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသားများ ၏ တောင်းဆိုချက်များ မှာ တစ်သဘောတည်းဖြစ်နေပြီး အချို့မှာ ထပ်တူထပ်မျှရှိနေသည် ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အချို့ အကျဉ်းထောင်များ တွင် ဆူပူမှုများကို အကျဉ်းသား အချို့ က လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ယက်တွင် Live လွှင့်တင်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ အကျဉ်းထောင်ဆူပူမှုများသည် ချိတ်ဆက်မှုများ နှင့် သွေးထိုးလှုံ့ဆော်မှုများ ရှိသည်ဟု သုံးသပ်ရကြောင်း၊ နိုင်ငံတော်သမ္မတရုံး ၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

သို့ဖြစ်၍ အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများ နှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.