Connect with us

Politics, Law & Military

တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံ

လာရောက်အပ်နှံသည့် တူမီးသေနတ်များအားတွေ့ရစဉ် (ဓာတ်ပုံ--ရဲဇာနည်)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရေဖြူမြို့နယ် ကံပေါက်နယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းမြင့်စံနှင့်အဖွဲ့သည်မေလ ၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မင်းသားကျေးရွာပါ ၂ ရွာတွင်နေထိုင်ကြသော ရွာသားများအား တူမီးသေနတ်များ ကိုင်ဆောင်ခြင်းမပြုရန် ကိုင်ဆောင်ပါက ဥပဒေအရအရေး ယူခြင်းခံရမည် ဖြစ်ကြောင်း စည်းရုံးဟောပြောခဲ့သဖြင့် ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် မင်းသားကျေးရွာပါ ၅ ရွာမှ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက်(စုစုပေါင်း သေနတ် ၂၅ လက်) အား ကံပေါက်နယ်မြေရဲစခန်းသို့လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.