Asia
G20 ကုန်သွယ်ရေးနှင့် ဒီဂျစ်တယ် စီးပွားရေး ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးဆောင်ရွက်ရမည်ဟု တိုက်တွန်း
တိုကျို၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)
G20 ကုန်သွယ်ရေးနှင့် ဒီဂျစ်တယ် စီးပွားရေး ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး ဇွန် ၉ ရက်တွင် ပိတ်ပွဲအခမ်းအနားကို ဂျပန်နိုင်ငံ Ibaraki စီရင်စု Tsukubaမြို့တွင် ကျင်းပခဲ့ ကြောင်း သိရသည်။
အစည်းအဝေးအပြီး ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် လွတ်လပ်၍ တရားမျှတမှုရှိသည့် ကုန်သွယ်ရေးပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အထူးအရေးကြီးရာ G20 အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲမှုတွင် အားစိုက်တွန်းအားပေးဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။
G20အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပဋ္ဋိပက္ခဖြေရှင်းပုံစနစ်ကို တိုးမြှင့်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ခြင်းသည် စီးပွားရေးရေရှည်ဖွံ့ဖြိုးရေးမှု၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း ၊ လက်ရှိ ကုန်သွယ်ရေးအခြေအနေသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို လျော့နည်းစေနိုင်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်ရေး၏စည်းမျဉ်းသတ်မှတ်ချက်များကိုလည်းကောင်း AI နည်းပညာနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမေရိကန်၏ကန့်ကွက်မှုများ ရှိနေသဖြင့် အစည်းအဝေးကြေညာချက်တွင် ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်မှုကို ကန့်ကွက်ကြောင်းဟူသည့် အပိုဒ်အား ထည့်သွင်းဖော်ပြနိုင်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း ဂျပန်ဘက်မှ ပြင်ဆင်ထားသည့် အစည်းအဝေး ဥက္ကဋ္ဌ၏ကြေညာချက်တွင် ကုန်သွယ်ရေးပွတ်တိုက်မှုများအတွက် စိုးရိမ်ပူပန်မိကြောင်း ဖော်ပြပါရှိသည်။ (Xinhua)