Connect with us

Asia

အမေရိကန် နှင့် ပြင်သစ် စစ်သင်္ဘောများ အက်ဒမန်ပင်လယ်ပြင်တွင် ပူးတွဲ စစ်ရေးလေ့ကျင့်

အမေရိကန် နှင့် ပြင်သစ် စစ်သင်္ဘောများ အက်ဒမန်ပင်လယ်၌ စစ်ရေးလေ့ကျင့်စဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန် USS Boxer တိုက်ခိုက်ရေးစစ်င်္ဘော နှင့် ပြင်သစ် ချားလ်ဒီဂေါ( Charles de Gaulle) လေယာဉ်တင်သင်္ဘော တို့သည် ဘင်္ဂလားပင်လယ်အော်၊ အန်ဒမန်ပင်လယ်ပြင်တွင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ရေကြောင်းချီ စစ်ဆင်ရေးပုံစံမောင်းနှင်ခြင်း ၊ ပစ်ခတ်တိုက်ခိုက်ခြင်း နှင့် ပစ္စည်းကိရိယာများလွှဲပြောင်းရယူခြင်း ဆိုင်ရာလေ့ကျင့်မှုများအပါအဝင် ပင်လယ်ပြင်လေ့ကျင့်မှုများကို ပြင်သစ် ရေငုပ်သင်္ဘော ခြေမှုန်းရေးစစ်သင်္ဘော Latouche Treville နှင့် ရေငုပ်သင်္ဘောခြေမှုန်းရေး ဖရီးဂိတ်စစ်သင်္ဘော နှင့် ထောက်ပံ့ရေးသင်္ဘော တို့ကလည်း ပါဝင်၍ ဇွန် ၇ ရက်တွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ရဲ့ သင်္ဘောသားတွေ နဲ့မရိန်းတပ်သားတွေဟာ ပြင်သစ်တပ်ဖွဲ့ဝင်တွေနဲ့အတူပူးတွဲ အလုပ်လုပ်ခဲ့ရတဲ့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့ပါတယ်” ဟု USS Boxer ရေတပ်တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စု(Boxer Amphibious Ready Group)မှ တပ်မှူး ဗိုလ်ချုပ် Brad Arthur က ဆိုသည်။

Boxer Amphibious Ready Group ရေတပ်တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုသည် အမေရိကန်အမှတ်(၇) ရေတပ်စစ်ဆင်ရေးနယ်မြေတွင် လှုပ်ရှားမှုများပြုလုပ်နေပြီး ပြင်သစ်လေယာဉ်တင်သင်္ဘောအုပ်စုသည် ၂ဝဝ၂ ခုနှစ်ကတည်းက အင်ဒို-ပစိဖိတ်ဒေသတွင် ပထမဆုံးအကြိမ် ဝင်ရောက်၍ လှုပ်ရှားမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.